Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် NUG ဆွေးနွေး

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ရောက်ရှိနေရာ လူ့အခွင့်အရေးအရေးပါမှု၊ နိုင်ငံတဝန်း ရက်စက်ယုတ်မာမှုပြုကျင့်ခံရသူအားလုံးအတွက် တရားမျှတမှု စသည်တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက NUGကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်။

မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများအတွက် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့် ယမန်နေ့တွင် တွေ့ဆုံဆွေးနွေးသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ရောက်ရှိနေရာ လူ့အခွင့်အရေးအရေးပါမှု၊ နိုင်ငံတဝန်း ရက်စက်ယုတ်မာမှုပြုကျင့်ခံရသူအားလုံးအတွက် တရားမျှတမှု စသည်တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက NUGကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့်တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာများအ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအား အကြမ်းဖက်စစ်တပ်က ကျူးလွန်​ကြောင်းကို အ​မေရိကန်အစိုးရက လက်ခံကြေညာခဲ့အပြီး တရားမျှတမှု ဖော်​​ဆောင်နိုင်ရေးအတွက် NUGက ပူး​ပေါင်းလုပ်​ဆောင်သွားမဲ့အ​ကြောင်း ​ဆွေး​နွေးခဲ့ပါတယ်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးထားသည်။

အထက်ပါ NUG ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူ များ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာစစ်တပ်၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးတုန်းက ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA)ဟာ အရေးတကြီး ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ အရေအတွက် ထောင်နဲ့ချီပြီ ပြန်မဖြေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတကာ

ဗုံးကြဲဖျက်ဆီးတာ ခံခဲ့ရတဲ့ သန့်စင်လက်စ ယူရေနီယမ် တချို့တလေကို အီရန်က ပြန်ရသွားပေမယ့် နျူကလီးယား သုတေသန လုပ်ငန်း လည်ပတ်မှုတွေ အားလုံးကတော့ ရပ်တန့်သွားပြီလို့ အစ္စရေးက ပြောပါတယ်။

သတင်း

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား ရန်လိုတိုက်ခိုက်နေမှုတွေကိုအရှေ့တောင်အာရှ ၊ တရုတ်၊ရုရှား နဲ့ အမေရိကန် သံအရာရှိတွေပူးပေါင်းပြီးရှုတ်ချသွားမယ်လို့သိရပါတယ်။