Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့်သီတင်းပတ်မှာ မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်လာနိုင်တယ်လို့ အမေရိကန် ယူဆ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကင်မ်က အမေရိကန် အစိုးရ အနေနဲ့ လာမယ့် သီတင်းပတ်ထဲမှာ မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်လိမ့်မယ်လို့ အတော်လေး ခိုင်ခိုင်မာမာ ယုံကြည်ရတဲ့ အထောက်အထားတွေ ရထားကြောင်း ဆိုပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲတာမျိုး သိပ်မကြာခင် တွေ့လာရဖွယ် ရှိတယ်လို့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကင်မ်က အမေရိကန် အစိုးရ အနေနဲ့ လာမယ့် သီတင်းပတ်ထဲမှာ မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်လိမ့်မယ်လို့ အတော်လေး ခိုင်ခိုင်မာမာ ယုံကြည်ရတဲ့ အထောက်အထားတွေ ရထားကြောင်း ဆိုပါတယ်။

လာမယ့် ဧပြီ ၁၅ ရက်မှာ မြောက်ကိုရီးယားဟာ သူတို့ရဲ့ ပိုမိုကြီးထွားလာတဲ့ နျူကလီးယား လက်နက်တိုက်အကြောင်း ကမ္ဘာသိ အင်အားပြမယ့် အစီအစဉ်တစ်ရပ် အကောင်အထည် ဖော်လာနိုင်တယ်လို့ ဆွန်က ဆိုပါတယ်။ အဲဒီနေ့ဟာ မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူလည်းဖြစ်၊ လက်ရှိ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ကွယ်လွန်သူ အဖိုးလည်းဖြစ်တဲ့ ကင်မ်အီလ်ဆွန်းရဲ့ အသက် ၁၁၀ ပြည့်မယ့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယားဟာ အစိုးရ ရုံးပိတ်ရက် သတ်မှတ်ထားတဲ့ အဲဒီကာလမှာ ရန်လို ခြိမ်းခြောက်တဲ့ လက်နက် အင်အားပြမှု တစ်ခုပါ လုပ်ဆောင်လာမှာကို အလေးအနက် စိတ်ပူနေကြောင်း ဆွန်က ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထင်ကြေးတွေ အများကြီး မပေးလိုကြောင်း၊ မြောက်ကိုရီးယားက ဒုံးကျည်အသစ် စမ်းတာမျိုး ဖြစ်နိုင်သလို နျူကလီးယား လက်နက် ဖောက်ခွဲတာလည်း ကြုံလာနိုင်ကြောင်း၊ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်မလာစေဘဲ အဲဒီနေ့ကို အေးအေးချမ်းချမ်း ကျော်ဖြတ်သွားဖို့တော့ မျှော်လင့်ချင်ကြောင်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်မှု ၆ ကြိမ်ထိ ပြုလုပ်ပြီးပါပြီ။ အဲဒီထဲက ၄ ကြိမ်ဟာ လက်ရှိ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်း လက်ထက်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။