Connect with us

Hi, what are you looking for?

News

တိုင်းရင်းသား လက်နက်ကိုင်တွေဆီ လေယာဉ်ပစ်ဒုံးကျည် တင်သွင်းမယ့် ဂျပန်တစ်ဦး အမေရိကန်မှာ အဖမ်းခံရ

အမေရိကန် အစိုးရ ရှေ့နေတွေက တာကီရှီ အီဘီဆာဝါဟာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲ ပြောဆိုခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ သူဟာ ဂျပန်ရဲ့ နာမည်ကျော် ယာကူဇာ ဒုစရိုက်ဂိုဏ်းထဲက အတွင်းစည်း ပုဂ္ဂိုလ် တစ်ဦးလို့ မန်ဟက်တန် အခြေစိုက် အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ဆီ ဝေဟင်ပစ် ဒုံးကျည်တွေ တင်သွင်းဖို့ စီစဉ်နေတဲ့ ဂျပန် နိုင်ငံသား တစ်ဦးကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အမေရိကန် အစိုးရ ရှေ့နေတွေက တာကီရှီ အီဘီဆာဝါဟာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲ ပြောဆိုခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ သူဟာ ဂျပန်ရဲ့ နာမည်ကျော် ယာကူဇာ ဒုစရိုက်ဂိုဏ်းထဲက အတွင်းစည်း ပုဂ္ဂိုလ် တစ်ဦးလို့ မန်ဟက်တန် အခြေစိုက် အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သူဟာ အမေရိကန်လုပ် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုတွေအတွက် ချိတ်ဆက် ရောင်းချပေးဖို့ ညှိနှိုင်း သဘောတူညီထားတယ်လို့ အီဘီဆာဝါက အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ လျှို့ဝှက် အေးဂျင့် တစ်ယောက်ကို ပြောပြခဲ့ပါတယ်။ ဝယ်ယူမယ့် အဖွဲ့တွေက ဒီဒုံးကျည်တွေ ရရှိဖို့အတွက် မူးယစ်ဆေးဝါးတွေကိုပါ ထည့်သွင်း ပေးချေဖို့ ကမ်းလှမ်းခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

လက်နက်တွေကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့က ဝယ်ယူလိုနေပြီး အီဘီဆာဝါနဲ့ ထိုင်းနိုင်ငံသား တစ်ဦးက ပွဲစားအဖြစ် ချိတ်ဆက်ပေးခဲ့တာလို့ ဆိုပါတယ်။ အမေရိကန် အေးဂျင့်ဟာ အီဘီဆာဝါနဲ့ အနီးကပ် ချဉ်းကပ်ဖို့ အသွင်ယူ လှုပ်ရှားနေခဲ့တာပါ။ အီဘီဆာဝါက အဲဒီ အေးဂျင့်ကို မက်သာမက်ဖက်တမင်း ၅၀၀ ကီလိုဂရမ်နဲ့ ဟီးရိုးအင်း မူးယစ်ဆေး ၅၀၀ ကီလိုဂရမ် ရောင်းချမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီဘီဆာဝါကို ဖမ်းဆီးတဲ့ ကိစ္စဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်ကို တုံ့ပြန်ဖို့ လေယာဉ်ပစ် လက်နက်တွေ ဝယ်ယူရေး ဆော်ဩ လှုပ်ရှားနေတဲ့ Project Dragonflyနဲ့တော့ ဆက်စပ်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန် အစိုးရ ရှေ့နေတွေကတော့ ဒီလက်နက်တွေဟာ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အကာအကွယ်အဖြစ် အသုံးချဖို့လည်း ရည်ရွယ်ထားနိုင်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ အီဘီဆာဝါရဲ့ ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးတွေကို နယူးယောက်က လမ်းတွေပေါ်မှာ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၅၇ နှစ်အရွယ် အီဘီဆာဝါနဲ့ ထိုင်းနိုင်ငံသား အဆက်အနွှယ် ၃ ယောက်ကို အခုသီတင်းပတ်အတွင်း မန်ဟက်တန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့အားလုံးဟာ စွဲချက် ၄ ခုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပြီး အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် တစ်သက်ထိ ချမှတ် ခံရနိုင်တယ်လို့လည်း နိုင်ငံတကာ မီဒီယာတွေက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။