Connect with us

Hi, what are you looking for?

News

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာ့နွေဦးတော်လှန်ရေးကူညီနိုင်မည့် နည်းလမ်းများကို အမေရိကန်နှင့် NUGဆွေးနွေး

အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့်ဒါရိုက်တာ မစ္စတာအက်ဂိတ်ကာဗန်နှင့် NUG ကိုယ်စားလှယ်အဖွဲ့သည် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ရာ ယင်းသို့ ဆွေးနွေးခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြော သည်။

အမေရိကန်အစိုးရက ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကူညီနိုင်မည့် နည်းလမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့်ဒါရိုက်တာ မစ္စတာအက်ဂိတ်ကာဗန်နှင့် NUG ကိုယ်စားလှယ်အဖွဲ့သည် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ရာ ယင်းသို့ ဆွေးနွေးခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြော သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ စစ်အာဏာသိမ်းပြီးနောက် ပိုင်း ကြုံတွေ့နေရသည့် မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းရေးအတွက် ဆွေးနွေးမည်ဟု သိရသည်။

NUG ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ ရောက်ရှိချိန်နှင့်တိုက်ဆိုင်စွာ အောက်လွှတ်တော်က အာဏာသိမ်းစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်မည့် BURMA Act ဥပဒေကြမ်းကို အတည်ပြုဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်