Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာ့နွေဦးတော်လှန်ရေးကူညီနိုင်မည့် နည်းလမ်းများကို အမေရိကန်နှင့် NUGဆွေးနွေး

အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့်ဒါရိုက်တာ မစ္စတာအက်ဂိတ်ကာဗန်နှင့် NUG ကိုယ်စားလှယ်အဖွဲ့သည် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ရာ ယင်းသို့ ဆွေးနွေးခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြော သည်။

အမေရိကန်အစိုးရက ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကူညီနိုင်မည့် နည်းလမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့်ဒါရိုက်တာ မစ္စတာအက်ဂိတ်ကာဗန်နှင့် NUG ကိုယ်စားလှယ်အဖွဲ့သည် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ရာ ယင်းသို့ ဆွေးနွေးခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြော သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ စစ်အာဏာသိမ်းပြီးနောက် ပိုင်း ကြုံတွေ့နေရသည့် မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းရေးအတွက် ဆွေးနွေးမည်ဟု သိရသည်။

NUG ကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ ရောက်ရှိချိန်နှင့်တိုက်ဆိုင်စွာ အောက်လွှတ်တော်က အာဏာသိမ်းစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်မည့် BURMA Act ဥပဒေကြမ်းကို အတည်ပြုဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။