Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စစ်ရေးဗဟို ဌာနချုပ် အကြီးအကဲ တာဝန်က အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီး မက်ကင်ဇီ

ဧပြီ ၁ ရက်က ဖလော်ရီဒါမှာ သူ့အတွက် နှုတ်ဆက်ပွဲ ကျင်းပခဲ့ပြီး မက်ကင်ဇီက ကြည်းတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ်ခ် ကူရီလာဆီ ရာထူး လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ မက်ကင်ဇီ ကိုယ်တိုင်ကတော့ မရိန်းတပ်ဖွဲ့ကနေ အမေရိကန် တပ်ပေါင်းစု အကြီးအကဲ ဖြစ်လာတာပါ။

အမေရိကန် စစ်ရေးဗဟို ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကန်းနက်သ် ဖရန့်ခ် မက်ကင်ဇီဟာ ရာထူးကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်က ဖလော်ရီဒါမှာ သူ့အတွက် နှုတ်ဆက်ပွဲ ကျင်းပခဲ့ပြီး မက်ကင်ဇီက ကြည်းတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ်ခ် ကူရီလာဆီ ရာထူး လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ မက်ကင်ဇီ ကိုယ်တိုင်ကတော့ မရိန်းတပ်ဖွဲ့ကနေ အမေရိကန် တပ်ပေါင်းစု အကြီးအကဲ ဖြစ်လာတာပါ။

သူဟာ အမေရိကန်ရဲ့ စစ်ရေးဗဟို ဌာနချုပ် (Centcom)ရဲ့ အကြီးအကဲ ရာထူးကို ၂၀၁၉ ခုနှစ်၊ မတ်လ ကတည်းက ရယူခဲ့တာ ဖြစ်ပါတယ်။ Centcomရဲ့ အကြီးအကဲဟာ အမေရိကန်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်၊ အာကာသတပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ် အားလုံးကို ဦးစီးရပြီး ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ သမ္မတပြီးရင် စစ်ဘက်မှာ ဩဇာအကြီးဆုံး၊ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်ပါတယ်။

၄၂ နှစ်တာ ကြာမြင့်ခဲ့တဲ့ သူ့ရဲ့ စစ်မှုထမ်း ကာလတလျှောက်မှာ Centcomကို ကြီးကြပ်ခဲ့ရတာကတော့ ဂုဏ်အယူရဆုံး ကိစ္စ ဖြစ်တယ်လို့ မက်ကင်ဇီက နှုတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ သူဟာ Centcomကို စတင် ရောက်ရှိချိန်ကစလို့ ၂၁ နှစ်တာ အမှုထမ်းခဲ့ကြောင်း၊ အဲဒီ ကာလတလျှောက် Centcomရဲ့ အဓိက တာဝန်က အမေရိကန်ရဲ့ ရန်သူတော်တွေကို ချေမှုန်းဖို့ ဖြစ်ခဲ့ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့ အကြီးအကဲတိုင်း ဒီရည်မှန်းချက်အတွက် အလုပ်လုပ်ချင်ကြကြောင်း မက်ကင်ဇီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အရှေ့အလယ်ပိုင်းနဲ့ ဗဟိုအာရှ ဒေသတွေမှာ အမေရိကန်ရဲ့ အရေးပါတဲ့ စစ်ဆင်ရေး ကဏ္ဍတွေကို တာဝန်ယူ ကြီးမှူးခဲ့ပါတယ်။ အာဖဂန် နစ္စတန်ကနေ အမေရိကန်တပ်တွေ ဝရုန်းသုန်းကား ဆုတ်ခွာရတဲ့ ကိစ္စမျိုးတွေဟာ မက်ကင်ဇီ တာဝန်ယူတဲ့ ကာလမှာ စိန်ခေါ်မှု အကြီးမားဆုံး အရှုပ်အထွေးတွေလည်း ဖြစ်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ စတင် ထူထောင်ချိန် ကတည်းက ကူရီလာ လက်ထက်ထိ Centcomရဲ့ အကြီးအကဲ ရာထူးမှာ တာဝန် ထမ်းဆောင်ဖူးသူ ၁၅ ဦးထိ ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာ ၁၄ ဦးက ကြည်းတပ်နဲ့ မရိန်းတပ်က ဗိုလ်ချုပ်ကြီးတွေသာ ဖြစ်ခဲ့ကြပြီး ၂၀၀၇ ခုနှစ်မှာ Centcom အကြီးအကဲ ဖြစ်လာတဲ့ ဝီလျံ ဖယ်လွန် တစ်ဦးတည်းသာ ရေတပ် သေနာပတိ ရာထူးကနေ Centcomကို ဦးဆောင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။