Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း ပြည်သူတွေကို ရုရှားက စီမံကိန်းချပြီး သတ်ဖြတ်နေတာလို့ အမေရိကန် အစိုးရ ထိပ်တန်းအရာရှိပြော

ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှားစစ်သားတွေက ယူကရိန်းမှာ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားတွေ ဆက်တိုက် ထွက်ပေါ်လာတဲ့နောက် အမေရိကန်နဲ့ ယူကရိန်း အစိုးရတို့က ရုရှားကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း အတိအလင်း စွပ်စွဲခဲ့ပါတယ်။

ရုရှား အစိုးရဟာ ယူကရိန်း ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ စီမံကိန်းချပြီး ညှင်းဆဲသတ်ဖြတ်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျက်ခ် ဆူလီဗန်က ပြောကြားသွားပါတယ်။

ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှားစစ်သားတွေက ယူကရိန်းမှာ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားတွေ ဆက်တိုက် ထွက်ပေါ်လာတဲ့နောက် အမေရိကန်နဲ့ ယူကရိန်း အစိုးရတို့က ရုရှားကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း အတိအလင်း စွပ်စွဲခဲ့ပါတယ်။

အပြစ်မဲ့ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ပစ်နေတယ် ဆိုတာက စိတ်နှလုံး တုန်လှုပ်စရာ ဖြစ်ပေမယ့် ကျူးလွန်သူက ရုရှားစစ်တပ် ဖြစ်နေတဲ့အတွက် သိပ်တော့ မအံ့ဩတော့ဘူးလို့ ဆူလီဗန်က ဆိုပါတယ်။ ရုရှား အစိုးရဟာ သူတို့ရဲ့ လွှမ်းမိုး အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို သုတ်သင် သတ်ဖြတ်ဖို့ ကြိုတင် ရည်ရွယ်ထားပြီး ဖြစ်တယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

တကယ်ဆိုရင် ကျူးကျော်စစ် မစခင်ကတည်းက ဒီကိစ္စမျိုးအတွက် ကြိုတင် အစီအစဉ် ရေးဆွဲထားပြီးသားတောင် ဖြစ်လောက်တယ်လို့လည်း ဆူလီဗန်က ပြောပါတယ်။ တချို့ သတ်ဖြတ်မှုတွေကျတော့ အထက်က ညွှန်ကြားချက်ကြောင့် မဟုတ်ဘဲ ယူကရိန်း ပြည်သူတွေရဲ့ ဆန့်ကျင်မှု ပြင်းထန်လွန်းတာကို ဒေါသထွက်လာတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေက စိတ်ပါလက်ပါ နိုင်လိုမင်းထက် ပြုမူခဲ့တာလို့လည်း ဆူလီဗန်က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ရုရှားရဲ့ ကျူးကျော်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေလမ်းကြောင်းအရ တုံ့ပြန်ဖို့လည်း လိုအပ်တဲ့ လေ့လာ ဆန်းစစ်မှုတွေ လုပ်ဆောင်နေကြောင်း အတည်ပြုသွားပါတယ်။ ရုရှား အစိုးရကတော့ သူတို့ စစ်တပ်တွေက ယူကရိန်း ပြည်သူတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

ဗီဒီယို

ဇီလန်စကီးရဲ့ ခရီးစဉ် အတောအတွင်း ဗြိတိန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

သတင်း

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။