Hi, what are you looking for?
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ခေါင်းဆောင်တွေက လက်အောက်ငယ်သားစစ်သည်တွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့အတွက် အသေခံမတိုက်သူတွေကို အပြတ်ရှင်းမယ်ဆိုတဲ့ သတင်းစကားပေးတာလို့ ပြည်သူ့ပန်းတိုင်က သုံးသပ်ထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေ၊ ဈေးရောင်းဈေးဝယ်နေသူတွေအပါအဝင်ပြည်သူ ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ကတရာဝင် သတင်းထုတ်ပြန်ပါတယ်ယိုးငူကျေးရွာဈေးကိုဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇မိနစ်မှာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာပါ။
အာဏာသိမ်းစစ်တပ်ဟာ အတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့သူတွေကို ထွက်မပြေးအောင်သတင်းအမှားတွေနဲ့ဝါဒဖြန့်မှုတွေကို နည်းမျိုးစုံလုပ်တာမှာ ရက္ခိုင်ဒေသတိုက်ပွဲတွေမှာ စစ်တပ်ဘက်က အောင်ပွဲရနေပြီဖြစ်တယ်လို့လိမ်ညာတာဝါဒဖြန့်နေကြောင်း အာရက္ခတပ်တော်(AA) ထံအလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။
ဘဝတူတော်လှန်ရေးအဖွဲ့အစည်းတွေထဲက ကချင်တော်လှန်ရေးအဖွဲ့အစည်းဟာ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင် နိုင်ပါစေဟု တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ကချင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။