Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးမြို့မှာ ရှေးဟောင်းရတနာတွေအပ်နှံပေးတဲ့ ကျောင်းသားလေးဦးကို AA ဂုဏ်ပြု

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှေးဟောင်း ရတနာပစ္စည်းတွေ နဲ့ ငွေဒင်္ဂါးပြားတွေ မြေကြီးထဲကနေ စတင်တွေ့ရှိခဲ့ပြီး အပ်နှံပေးသူကျောင်းသားလေးဦးကို အာရက္ခတပ်တော်(AA)ငွေကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့ပါတယ်။

​ကျောင်းသား​လေးဦးကို ဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-APM

​ဖေ​ဖော်ဝါရီ-၉၊၂၀၂၆။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှေးဟောင်း ရတနာပစ္စည်းတွေ နဲ့ ငွေဒင်္ဂါးပြားတွေ မြေကြီးထဲကနေ စတင်တွေ့ရှိခဲ့ပြီး အပ်နှံပေးသူကျောင်းသားလေးဦးကို အာရက္ခတပ်တော်(AA)ငွေကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့ပါတယ်။

တတိယမြောက်ဦးခေတ် ရခိုင်သက္ကရာဇ် ၁၀၃၄(ခရစ်သက္ကရာဇ် ၁၆၇၂) ခုနှစ်က စန္ဒသုဓမ္မရာဇာဘုရင်လက်ထက်နဲ့ သက္ကရာဇ် ၁၀၀၀ (ခရစ်သက္ကရာဇ် ၁၆၃၈)က နရပတိကြီး လက်ထက်ကသုံးစွဲခဲ့တဲ့ ငွေဒင်္ဂါး ၁၅၀ ကျော်၊ အချင်း ၁ လက်မခန့်ရှိ တဲ့ကျောက်စိမ်း၁တုံး၊ ရွှေပုရပိုက်၁ခု၊ ရွှေလက်စွပ်၃ကွင်း၊ ရွှေထည်အချို့ကို မြောက်ဦးမြို့က ကစားကွင်းတစ်ခုမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရှိခဲ့တာပါ။

” ကျောင်းသားလေးတွေဘောလုံးကစားရာကနေ တွေ့တာ။တွေ့တွေ့ချင်းပဲလူကြီးတွေကို အကြောင်းကြားတယ်လေ။ ဒါက အရမ်းကို အားပေးသင့်တာကို ကျတော်တို့ လက်ခံတယ်” လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆုချီးမြှင့် ခံရသူ ကျောင်းသားတွေက Grade-7 ကျောင်းသား တစ်ဦး နဲ့ Grade-5 ကျောင်းသား သုံးဦးဖြစ်ပါတယ်။ တစ်ဦးကို ၇၅သိန်းကျပ်နဲ့ စုစုပေါင်း ကျပ်သိန်း ၃၀၀ ချီးမြှင့်ခဲ့တာလို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၂၅ခုနှစ်၊ဇူလိုင်လကလည်း မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅)လက်ထက်မှာသွန်းလုပ်ခဲ့တဲ့ ရှေးဟောင်းခေါင်းလောင်းတစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့တယ်လို့ AAက ဇန်နဝါရီလ ၃ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ခေါင်းလောင်းကိုတူးဖော်အပ်နှံခဲ့တဲ့ ဦးထွန်းအောင်ကိုလည်း AA က ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

အဲဒီရှေးဟောင်းခေါင်းလောင်းကြီးနဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ ပေးပို့ဖို့ email လိပ်စာ-arakanidp@163.comနဲ့တယ်လီဂရမ်လိပ်စာ- @BELLINFO2026 ကိုအပြုသဘောဆောင်ဆက်သွယ်ပေးဖို့ AA ကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

Facebook