Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAသိမ်းယူ

မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြားရှိ ရိုးမလမ်းဖြစ်သော အမ်း-ပဒါန်းလမ်းပေါ်မှ စစ်​ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

နတ်​ရေကန်ဗျူဟာစခန်းကို Google Earth တွင်​တွေ့ရပုံ

ဇွန်-၄၊၂၀၂၅။ယောနသံ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြားရှိ ရိုးမလမ်းဖြစ်သော အမ်း-ပဒါန်းလမ်းပေါ်မှ စစ်​ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

မေလဆန်းမှစ၍ တိုက်ပွဲများငြိမ်သက်ခဲ့စဥ် စစ်တပ်က အင်အားတိုးခဲ့ပြီးနောက် မေလကုန်ပိုင်းတွင် စစ်ကြောင်းပြန်ထိုးခဲ့သဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ထို​နောက် AA နှင့် မဟာမိတ်များက ဆက်သွယ်ရေးတာဝါတိုင်စခန်းကို ဇွန်လ ၃ရက်နံနက်အစောပိုင်း၌သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်ကပြောသည်။

“MPTတာဝါတိုင်စခန်းကိုသိမ်းယူတာမှန်ပါတယ်။ ကျတော်တို့ သိပါတယ်။ ကျန်တာကို AAက ထုတ်ပြန်ပါလိမ့်မယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များကို ထိုးစစ်ဆင်သိမ်းပိုက်မည်စိုး၍ ခံစစ်ပြင်ထားသည့်နတ်ရေကန် ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မတ်

လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲများအတွင်း အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲ၌ AAနှင့် ပူးပေါင်းတပ်များက ဖမ်းဆီးခဲ့သည်။

သို့​သော်မတ်လ ၂၈ရက်တွင် လှုပ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် AAအပါအဝင် ညီ​နောင်မဟာမိတ်သုံးဖွဲ့က တဖက်သတ် အပစ်ရပ်ခဲ့သည်။အပစ်ရပ်လိုက်သဖြင့် တိုက်ပွဲအရှိန်လျော့ကျနေစဥ် စစ်တပ်ကပြန်လည်စုဖွဲ့ပြီးထိုးစစ်ဆင်နေခြင်းဖြစ်​ကြောင်း ငဖဲမြို့နယ်မှ စစ်​ရေးသတင်းရင်းမြစ်ကပြောသည်။

“တပ်မ(၉၉) စစ်ကြောင်းတွေ ဝင်လာတာကနေ တိုက်ပွဲတွေပြန်ဖြစ်တာ။ဒီရက်ထဲလေကြောင်းတွေ ဆက်တိုက်ပစ်တယ်။ ညဘက်တွေ၊ ညနက်ပိုင်းတွေပါ ပစ်တာ။တိုက်ပွဲက ငြိမ်နေတာကနေ ရုတ်တရက်ထဖြစ်သလိုမျိုး”ဟု၎င်းကပြောသည်။

AAသည် ပြီးခဲ့သည့်၂၀၂၄ခုနှစ် ဒီဇင်ဘာလက အမ်းမြို့ကိုသိမ်းယူပြီးနောက် မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့သည်။အမ်း မြို့မှထွက်ပြေးလာသည့်စစ်ကောင်စီစစ်ကြောင်းများကိုလည်း AA၏ မဟာမိတ်ပူးပေါင်းတပ်များကအကြိမ်ကြိမ် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကိုဖမ်းဆီးခဲ့သည်။

ထို့အပြင် AAပူးပေါင်းတပ်များနှင့်စစ်ကောင်စီသည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း၊ ရေကြည်နှင့်လေးမျက်နှာမျိုးတို့တွင်လည်း စစ်ရေးတင်းမာနေကြောင်းသတင်းရရှိသည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးသော်လည်း မကွေးတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကို စစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဧပြီလ ၅ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။