Connect with us

Hi, what are you looking for?

သတင်း

AA က စစ်သုံ့ပန်းများ၏ စိတ်ဒဏ်ရာကုစားပေးပြီး ဖေးမစောင့်ရှောက်ပေးဟု ခမရ(၅၄၀)တပ်ရင်းမှူး၏ဇနီး ဖွင့်ဟ

အာရက္ခတပ်တော်(AA)သည် စစ်သုံ့ပန်းများ၏ စိတ်ဒဏ်ရာကို ကုစားပေးသလို ထိန်းသိမ်းထားသည့်ကာလတလျှောက်လုံး စစ်တပ်မိသားစုဝင် စစ်သုံ့ပန်းအားလုံး၏ လူမှုရေး၊စားဝတ်‌နေရေးအစစအရာရာ ဖေးမစောင့်ရှောက်ခဲ့ကြသည်ဟု AAက ပြန်လွှတ်ပေးလိုက်သည့် စစ်ကောင်စီတပ်ရင်းမှူး၏ ဇနီးဖြစ်သူ ဒေါ်မေသူဝင်းက ဖွင့်ဟပြောသည်။

ဓာတ်ပုံ − မြောက်ဦးမြို့အခြေစိုက် ခမရ(၅၄၀)တပ်ရင်းမှူး၏ ဇနီး ဒေါ်မေသူဝင်းအား တွေ့ရစဉ်

မေ ၂၀၊၂၀၂၅။ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)သည် စစ်သုံ့ပန်းများ၏ စိတ်ဒဏ်ရာကို ကုစားပေးသလို ထိန်းသိမ်းထားသည့်ကာလတလျှောက်လုံး စစ်တပ်မိသားစုဝင် စစ်သုံ့ပန်းအားလုံး၏ လူမှုရေး၊စားဝတ်‌နေရေးအစစအရာရာ ဖေးမစောင့်ရှောက်ခဲ့ကြသည်ဟု AAက ပြန်လွှတ်ပေးလိုက်သည့် စစ်ကောင်စီတပ်ရင်းမှူး၏ ဇနီးဖြစ်သူ ဒေါ်မေသူဝင်းက ဖွင့်ဟပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း AAထံလက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုဝင် ၃၂ ဦးကို AAက မေလ ၁၉ရက်တွင် ပြန်လွှတ်ပေးစဉ် မြောက်ဦးမြို့အခြေစိုက် ခမရ(၅၄၀)တပ်ရင်းမှူး၏ ဇနီး ဒေါ်မေသူဝင်းက ပြောခြင်းဖြစ်သည်။

” AAတပ်တော်ရဲ့စစ်မေဆရာမတွေက အဒေါ်တွေ၊ အမတွေလို၊ကိုယ့်ရဲ့ညီမအရွယ်ဆို ညီမတွေလို အမေအရွယ်ဆို အမေတွေလို ကောင်းကောင်းမွန်မွန် ယနေ့အထိ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျမရဲ့မိသားစုဝင်တွေကိုယ်စားကျေးဇူးအရမ်းတင်ပါတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သည့် ပြောထားသည့် ရုပ်သံကို Arakan Princess Mediaက ယ‌နေ့ (မေလ ၂၀ရက်) ထုတ်ပြန်ထားသည်။

AA တပ်ဖွဲ့ဝင်များသည် စစ်သုံ့ပန်းများ စိတ်ဓာတ်ကျ‌နေချိန်၌ အားပေးခဲ့ကြပြီး AAတပ်တော်၏ အကြီးအကဲမှသည် ရဲဘော်အဆင့်အထိ အားလုံးကို စစ်သုံ့ပန်းမိသားစုဝင်များကိုယ်စား ကျေးဇူးတင်သည်ဟု ဒေါ်မေသူဝင်းက ပြောထားသည်။ ပြန်လွှတ်ပေးခဲ့သူများကို တစ်ဦးလျှင် ကျပ် ၃သိန်း လမ်းစရိတ်အဖြစ် ပေးလိုက်ပြီး လုံခြုံသည့်နေရာအထိ AAကပို့ပေးလိုက်သည်ဟု Arakan Princess Mediaက ဖော်ပြထားသည်။

AAသည် မောင်တောမြို့ကို ၂၀၂၄ ဒီဇင်ဘာ ၈ရက်က သိမ်းယူခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊စကခမှူးဗိုလ်မှူးချုပ် သူရိန်ထွန်းကို AAက အရှင်ဖမ်းမိခဲ့သည်။မောင်တောမြို့မှ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား တိုက်ခိုက်သိမ်းယူစဉ် လက်နက်မချပဲထွက်ပြေးသွားသည့် တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကိုလည်း AAက အသေဖမ်းမိခဲ့သည်။ ရွှေတုံးအချို့နှင့် ငွေကြေးများယူဆောင်ထွက်ပြေးစဉ် မိုင်းမိပြီး မောင်တော်မြို့နယ်၊ရွှေဇားကပ္ပကောင်းချောင်းအနီး ပုဇွန်ကန်အတွင်း အသေဖမ်းမိခြင်းဟု AA ကထုတ်ပြန်ထားသည်။

AAသည့် မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိထားသည့်စစ်သုံ့ပန်းများ၊ စစ်သုံ့ပန်းမိသားစုဝင်များကို ဆက်တိုက်ပြန်လွှတ်ပေးနေပြီး မေလ ၁၈ရက်ကလည်း ဘူးသီးတောင်မြို့သိမ်း (၁)နှစ်ပြည့်အဖြစ် စစ်သုံ့ပန်းမိသားစုဝင် ၃ဝဝကျော်ကို ပြန်လွှတ်ပေးပြီး လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။