Connect with us

Hi, what are you looking for?

သတင်း

စစ်ရာဇဝတ်မှုများ နိုင်ငံအနှံ့နေ့စဉ်ရက်ဆက်ကျူးလွန်နေသော စစ်ကောင်စီ၏လုပ်ရပ်များကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု AA ထုတ်ပြန်

စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု အာရက္ခတပ်တော်( AA)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက မေလ ၁၅ရက်တွင် ဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - AFP

မေ ၁၆၊၂၀၂၅။ကဖေး/People’s Spring

စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု အာရက္ခတပ်တော်( AA)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အား စစ်ကောင်စီက နှစ်ရက်ဆက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် အပြစ်မဲ့အရပ်သား ပြည်သူ ရှစ်ဦး ‌သေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။ ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား မေလ ၁၄ရက်နှင့် ၁၅ရက်တွင် စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲခြင်းဟု AA က ဖော်ပြသည်။

မေလ ၁၄ရက် ညနေ ၄နာရီခန့်က တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း၊ မေလ ၁၅ရက်တွင် ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် ထပ်မံ၍လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားပြည်သူ ငါးဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မေလ ၁၅ ရက်က နေ့လယ် ၂နာရီဝန်းကျင် သုံးကြိမ် လေကြောင်းမှ ယုတ်မာရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

” ဒီအပစ်အခတ်ရပ်ဆဲရေးကြေညာထားပြီးတဲ့ နောက်ပိုင်းကစပြီးတော့မှ လေကြောင်းတိုက်ခိုက်မှု တွေက နိုင်ငံအနှံ့ပိုပြီးပြင်းထန်လာတာတွေ့ရတယ်။ အထူးသဖြင့်တော့ ဒီ အရပ်သားပြည်သူ‌တွေနေတဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီးတော့မှ ပစ်မှတ်ထားတိုက်ခိုက်လာတာတွေ့ရတယ်။ ဒီဟာကတော့ ပြောမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ သူ့ရဲ့ ကတိမတည်မှုနဲ့ အလုံးစုံပျက်သုန်းရေးမူဝါဒကို ကိုင်ဆွဲပြီးတော့ လုပ်နေတာကိုတွေ့ရတာပေါ့။ ဒါကြောင့်မိုလို့ ချုံပြီးပြောရမယ်ဆိုရင်တော့ စစ်ကောင်စီက မြန်မာနိုင်ငံတဝှမ်းမှာ စစ်ရာဇဝတ်မှု တွေကို ဆက်တိုက်ကျူးလွန်နေတယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားတွေ ပိုပြီးတော့ ဖြစ်လာအောင် အဲဒီလိုမျိုး ပစ်မှတ်ထားပြီး သတ်ဖြတ်နေတာတွေတွေ့ရတယ်။ ဒါကြောင့်မိုလို့ စစ်ကောင်စီက သူ့ရဲ့လုပ်ရပ်အတွက် ပြောရမယ်ဆိုရင် ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် ဒီရာဇဝတ်မှုကို သူတို့သည် တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာဖြစ်တယ်ဗျ”ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၃ရက်မှ မေလ ၁၃ရက်အထိ တိုင်းနှင့်ပြည်နယ် ၁၁ခုသို့ လေကြောင်းမှ ၁၈၁ကြိမ် တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၈၂ဦးသေဆုံးပြီး ၂၉၈ဦး ဒဏ်ရာရခဲ့ ကြောင်းလူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD)က မေလ ၁၅ရက်တွင် ထုတ်ပြန်သည်။

အပစ်ရပ်ရေးထုတ်ပြန်ချက်များချိုးဖောက်ပြီး အရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်၊ အပြုံလိုက် သေဆုံးစေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity) နှင့် စစ်ရာဇဝတ်မှုများ (War Crimes) ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ကုလသမဂ္ဂနှင့်အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကတားဆီးအရေးယူရန် ဒီချုပ်ပါတီက တောင်းဆိုထားသည်။

စစ်ကောင်စီသည် ယနေ့(မေလ ၁၆ရက်) နံနက် ၉နာရီ ၃၅မိနစ်တွင်လည်း ချင်းပြည်နယ်၊ မင်းတပ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်းသတင်းရရှိပြီး အသေးစိတ်အခြေနေကို မသိရသေးပေ။

မေလ ၁၅ရက်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် (၁၃)နှစ်အရွယ်ကျောင်းသားတစ်ဦးနှင့် (၄၀)အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျေးရွာစာသင်ကျောင်းလည်း ပျက်စီးပြီး နေအိမ် ၄၀ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။