သတင်း စစ်ကောင်စီက အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ၍ ကုန်းလမ်း၊ ရေလမ်းသွားလာမှုများကို ကန့်သတ်စစ်ဆေးမည်ဟု AA အရေးပေါ် ကြေညာ သတင်းမပို့ဘဲ သွားလာခြင်း မပြုလုပ်ရန်ထုတ်ပြန်ခဲ့ပြီး သတင်းမပို့ဘဲ သွားလာ၍ တစုံတရာ ပြဿနာဖြစ်ပေါ်လာပါက သွားလာကြသူများ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ LuduNwayOoစက်တင်ဘာ 14, 2022
သတင်း ပလက်ဝမြို့နယ်အတွင်း ဒေသခံ CDFတပ်ဖွဲ့များနှင့် AA အကြား တင်းမာမှုမရှိဟု အသိပေး “ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းသာဖြစ်ပါတယ်”ဟု ပလက်၀ CDFက ယနေ့ ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 14, 2022
သတင်း စစ်ကောင်စီတပ်၏ ခမရ (၃၅၂)တပ်ရင်း စခန်းကုန်းသိမ်းတိုက်ပွဲမှ AA သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းနှင့် ယမန်နေ့က သိမ်းပိုက်ခဲ့သည့် တပ်စခန်းကုန်းသည် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာ၌ ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 11, 2022
သတင်း စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက အသိပေးထားသည်။ LuduNwayOoစက်တင်ဘာ 11, 2022
သတင်း မောင်တောမြို့နယ်ရှိ မီးတိုက်စခန်းနှင့် ကြိမ်ချောင်းဗျူဟာ ကာကင်းကို AA တိုက်ခိုက် ယနေ့ (စက်တင်ဘာ ၁၀ရက်) နံနက်တွင်လည်း ကြိမ်ချောင်းဗျူဟာ ရှေ့ကာကင်းဖြစ်သည့် မယူတောင်ခြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို AAက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ LuduNwayOoစက်တင်ဘာ 10, 2022
သတင်း မြေပုံရှိ နတလရုံး၌ တပ်လာစွဲသည့် စစ်ကောင်စီတပ်ကို AAက အသင့်ထောင် ထားသည့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် ယနေ့(စက်တင်ဘာ ၇ရက်) နံနက် ၁၁နာရီခန့်က မြေပုံမြို့အထွက်ရှိ နတလ ရုံးကို မိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 7, 2022
သတင်း စစ်ကောင်စီ ခေါင်းဆောင်များ လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်နေဟု AA ထုတ်ပြန် ပြည်သူလူထုတိုင်းကို ရန်သူဟု သဘောထားကာ မလုပ်သင့် မလုပ်ထိုက်သော အလုပ် များကို မလုပ်သင့်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း AA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 6, 2022
သတင်း စစ်ကောင်စီသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများဟု AA ခေါင်းဆောင်ပြော AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။ LuduNwayOoစက်တင်ဘာ 4, 2022
သတင်း မောင်တောမြောက်ပိုင်းရှိ AAသိမ်းထားသည့် စစ်ကောင်စီတပ်စခန်းအနီး စစ်ကောင်စီတပ် လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 3, 2022
သတင်း နယ်စပ်မိုင်တိုင် ၄၀ အနီးရှိစစ်ကောင်စီစခန်းAAသိမ်းပိုက်၊ စစ်သား ၁၉သေဆုံးပြီးလက်နက်ခဲယမ်းအများအပြားရရှိ စခန်းအားသိမ်းပိုက်နိုင်ချိန်တွင် သေဆုံးစစ်ကောင်စီတပ်ရုပ်အလောင်းအများအပြားကို စခန်းအတွင်းမြှပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 1, 2022