Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအား အရေးပေါ် အကူအညီများအမြန်ကူညီပေးရန် နိုင်ငံတကာအား AA အကူအညီတောင်း

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား၌ အထိအခိုအပျက်အစီး အလွန်များပြားခဲ့သည့်အပြင် လူသေဆုံးဒဏ်ရာရမှုများလည်းရှိခဲ့သည်။

(မိုခါမုန်တိုင်းဝင်​ရောက်ပြီးနောက် စစ်​တွေမြို့၌ ထိခိုက်ပျက်စီးနေမှုများအား ကြည့်နေသူ ဒေသခံတစ်ဦးကို မေလ ၁၅ ရက်မြင်တွေ့ရစဉ်။ဓာတ်ပုံ-Unicef)
(မိုခါမုန်တိုင်းဝင်​ရောက်ပြီးနောက် စစ်​တွေမြို့၌ ထိခိုက်ပျက်စီးနေမှုများအား ကြည့်နေသူ ဒေသခံတစ်ဦးကို မေလ ၁၅ ရက်မြင်တွေ့ရစဉ်။ဓာတ်ပုံ-Unicef)

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်တွင် အိုးအိမ်ပျက်စီးမှုများစွာ ဖြစ်ခဲ့ရာ အရေးပေါ် အကူအညီများလိုအပ်လျက်ရှိပြီး နိုင်ငံတကာအနေဖြင့် အမြန်ဆုံးကူညီပေးရန် ရခိုင် လက်နက်ကိုင်တပ်ဖွဲ့(ULA/AA)က ယမန်နေ့တွင် အကူအညီတောင်းခံလိုက်သည်။

မုန်တိုင်း နောက်ဆက်တွဲ အရေးပေါ် အကူအညီများ ချက်ချင်းလိုအပ်လျက်ရှိကြောင်း AA၏ ထုတ်ပြန်ကြေညာချက်တွင် ကမ္ဘာ့နိုင်ငံကြီးများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူပြည်သားများအတွက် လတ်တလော အရေးကြီး လိုအပ်လျက်ရှိသော အမိုးအကာပစ္စည်းများ၊ ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အပါအဝင် တခြား အရေးပေါ် အကူအညီများကို အမြန်ဆုံးကူညီပေးရန် ရခိုင်ပြည်သူများကိုယ်စားအားကိုးစွာ အကူအညီတောင်းခံအပ်သည်ဟု ဖော်ပြထားသည်။

လက်ရှိ မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူများအနေဖြင့် ခိုလှုံစရာ နေရာ ၊စားစရာ နှင့် ဆေးဝါး အခက်အခဲများကို ဆိုးဝါးစွာ ရင်ဆိုင်နေရပြီး ဆက်သွယ်ရေးဆိုင်ရာ ဖုန်းနှင့် အင်တာနက်လိုင်းများ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကာ အကူအညီများ ကင်းမဲ့လျက်ရှိနေသည်ဟု အသိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီ မုန်တိုင်းဒဏ်ကို ကြိုတင်ကာကွယ်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးခဲ့ကြသည့် အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုအခြေပြု ပရဟိတ အဖွဲ့များ၊ တာဝန်သိပြည်သူလူထုများနှင့် ပူးပေါင်း ပါဝင်ခဲ့ကြသော ပြည်သူများကို အလေးအနက် ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား၌ အထိအခိုအပျက်အစီး အလွန်များပြားခဲ့သည့်အပြင် လူသေဆုံးဒဏ်ရာရမှုများလည်းရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ ဒုက္ခကြုံနေရပြီး မိုခါမုန်တိုင်းဒဏ်ခံစားရသည့် ရခိုင်ပြည်သူလူထုများအနေဖြင့် ပြန်လည်ထူထောင်ရေးအပိုင်းတွင် အကူအညီရရှိရေး ယခင်ထက်ပိုအခက်ကြုံရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ယမန်နေ့က People’s Spring သို့ဖြေကြားထားသည်။

“စစ်တပ်အာဏာသိမ်းပြီးနောက် မှာတော့ တစ်နိုင်ငံလုံး ဒုက္ခသည်အဖြစ်ကို ရောက်သွားကြတယ်။ နေရာတော်တော်များများ ရောက်သွားကြတယ်။ သူတို့လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့။ တောင်မင်း မြောက်မင်းမကယ်နိုင်ဖြစ်နေကြတဲ့ အနေအထားပေါ့။ ဟိုဘက်လည်း အကူအညီလို ဒီဘက်လည်း အကူအညီလို အဲဒီလိုဖြစ်သွားတာပေါ့”ဟု ဦးဖေသန်းက ပြောသည်။

ယခင်က နေရာဒေသ တစ်ခုခု၌ ဘေးအန္တရာယ်ကြုံတွေ့ရပါက နိုင်ငံတဝန်းရှိ စေတနာရှင်များက ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

“အရင်တုန်းကတော့ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်နေရာမှာ ရေဘေးသင့်တယ် ဘယ်နေရာမှာ မီးဘေးသင့်တယ်ဆိုရင် အကုန်လုံး တစ်နိုင်ငံလုံးက စေတနာရှင်တွေက ဝို်ငးလှူကြတဲ့ သဘောရှိတယ်။ အခုအဲဒီလိုမျိုးတော့ မလှူနိုင်ကြတော့ဘူး။ပြီးတော့ CSO တွေ၊ NGOတွေ INGO တွေလည်း ဒီဘက်မှာ ULA/AA နဲ့ စစ်ပွဲဖြစ်တုန်းကတည်းက အလှူငွေကောက်ခံတာတွေ ပံ့ပိုးတာတွေ ဒုက္ခသည်တွေ ကူညီတာတွေမ လုပ်ရဆိုတဲ့ ကန့်သတ်ပိတ်ပင်ချက်တွေရှိတယ်။ ပြည်မမှာလည်း အဲဒီလို ရှိမှာပေါ့နော်”ဟု ဦးဖေသန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။