Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်လုပ်အားပေးကြရန် ရခိုင်လူငယ်များအား AA ပန်ကြား

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီက ယခုကဲ့သို့ ပန်ကြားခဲ့ခြင်းဖြစ်သည်။

(မိုခါမုန်တိုင်း​ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရခိုင်ပြည် နယ်တွင် AAတပ်ဖွဲ့ဝင်များ ပြန်လည်ထူ​ထောင်​ရေးတွင် ပါဝင်လုပ်ကိုင်​နေစဥ်။ ဓာတ်ပုံ - AA)
(မိုခါမုန်တိုင်း​ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရခိုင်ပြည် နယ်တွင် AAတပ်ဖွဲ့ဝင်များ ပြန်လည်ထူ​ထောင်​ရေးတွင် ပါဝင်လုပ်ကိုင်​နေစဥ်။ ဓာတ်ပုံ - AA)

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် အထူးလိုအပ်နေ၍ မြို့နယ်အသီးသီးရှိ ရခိုင်လူငယ်များအနေဖြင့် ပါဝင်လုပ်အားပေးကြရန် ရက္ခိုင့်တပ်တော်(AA)က မေလ ၂၁ရက်တွင် ပန်ကြားချက်ထုတ်ပြန်ခဲ့သည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီက ယခုကဲ့သို့ ပန်ကြားခဲ့ခြင်းဖြစ်သည်။

မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူများ အမိုးအကာအောက် အမြန်ရောက်ရှိရေး၊ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် မုန်တိုင်းနောက်ဆက်တွဲအရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းများကို ULA/AA အနေဖြင့် ရှိသည့် လူ့စွမ်းအားငွေအား အရင်းအမြစ် ရှိသမျှ အားကုန်ထုတ်သုံးကာ ရခိုင်လူထုတစ်ရပ်လုံးနှင့်လက်တွဲ ကြိုးပမ်းဆောင်ရွက်နေသည်မှာ တစ်ပတ်ပြည့်ခဲ့ပြီဟု ဖော်ပြသည်။

(မိုခါမုန်တိုင်း​ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရခိုင်ပြည် နယ်တွင် AAတပ်ဖွဲ့ဝင်များ ပြန်လည်ထူ​ထောင်​ရေးတွင် ပါဝင်လုပ်ကိုင်​နေစဥ်။ ဓာတ်ပုံ - AA)
(မိုခါမုန်တိုင်း​ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရခိုင်ပြည် နယ်တွင် AAတပ်ဖွဲ့ဝင်များ ပြန်လည်ထူ​ထောင်​ရေးတွင် ပါဝင်လုပ်ကိုင်​နေစဥ်။ ဓာတ်ပုံ – AA)

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမို ဆောင်ရွက်နိုင်ရန် လူ့စွမ်းအား အရင်းအမြစ် လူငယ်တို့၏ ခွန်အားကို အထူးလိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် လူငယ်များ အနေဖြင့် မိမိတို့၏ မြို့နယ်အသီးသီးတွင် အရေးပေါ် ချက်ချင်းစုဖွဲ့၍လည်းကောင်း၊ စုဖွဲ့ထားသည့် လူငယ်အဖွဲ့အစည်းများအနေဖြင့် ULA/AA ၏ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်၍လည်းကောင်း မုန်တိုင်းသင့် ဒေသ မြေပြင်တွင် အရေးတကြီး အရေးပေါ် လိုအပ်လျက်ရှိနေသော နေရာများ၌ ပရဟိတ စိတ်ဓာတ်အပြည့်ဖြင့် ကူညီအားပေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဒဏ်သင့်ဒေသများတွင် လုပ်ဆောင်နေသည့် လုပ်ငန်းများမှာ အမိုးအကာအောက်သို့ ရောက်ရှိရေးကို ဦးစားပေးဆောင်ရွက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ရရှိစေရန် ဆောင်ရွက်ခြင်း၊ ပျက်စီးနေသော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အအုံ၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးမှုများကို ရှင်းလင်းပြုပြင်ခြင်း၊ တချို့တဝက်ပျက်စီးသွားသော လူနေအိမ်များကို အမြန်ဆုံးပြုပြင်ခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများဖြစ်သည်ဟု အသိပေးထားသည်။

ထို့ပြင် ဆားငန်ရေဝင်သွားသော သောက်သုံးရေကန်များ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း၊ မုန်တိုင်းဒဏ်သင့်၍ ပျက်စီးသွားသော အချက်အလက်များ ကောက်ယူခြင်း၊ အလှူငွေများ ရှာဖွေခြင်း၊ စေတနာရှင် များ၏ အလှူငွေများကို အရက္ခပြည်သူ့အစိုးရမှ မြို့နယ် အလိုက် ဖွဲ့စည်းထားသော ကော်မတီများမှ တဆင့် စနစ်တကျ လက်ခံစီမံခြင်း၊ ဆေးဝါး ကုသပေးခြင်း အပါအဝင် အခြားလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။