Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရေး ညီညွတ်စွာကြိုးစားရမည်ဟု NUG ကာကွယ်ရေး AAထံ သဝဏ်လွှာပို့

ယနေ့ ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်မြောက် အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် အားလုံးအတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ရက္ခိုင့်တပ်တော်(AA)ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်မြောက် အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(၁၄)နှစ်တာတော်လှန်ရေး ခရီးကြမ်းအတွင်း အသက်အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသည့် ရက္ခိုင်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင် ပြည်သူလူထု တစ်ရပ်လုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်ကြောင်း ဖော်ပြသည်။

ယနေ့ တိုင်းပြည်တဝှမ်း ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်မှုတွင် AA အနေဖြင့် အဖိနှိပ်ခံ ပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး ဘုံရန်သူများအ ပြင်းထန်စွာခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေး အင်အားစုများကိုလည်း လက်တွဲညီ ပံ့ပိုးပေးလျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု ၏ နိုင်ငံရေး၊ အမျိုးသားရေး မျော်မှန်းချက်များကိုလည်း တစ်ပါတည်းအပြည့်အ၀အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေဟုလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။