News ဒီပဲယင်း၊ စိုင်းပြင်၊ တန့်ဆည်မြို့များမှ Non-CDM ဝန်ထမ်းများ ရေဦးသို့ စုလာ၍ ရုံးတက်လျှင်အရေးယူမည်ဟု PDF သတိပေး ရေဦးမြို့တွင်လည်းဌာနဆိုင်ရာ ဝန်ထမ်းများ အပြိုင်အဆိုင်နှုတ်ထွက်နေသည်။ စစ်ကောင်စီ အထိနာနေသည့်စစ်ကိုင်းတိုင်းတွင် Non CDM ဝန်ထမ်းများက ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံဆက်သွယ်ကာနှုတ်ထွက်စာ အလုအယက်တင်နေခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 10, 2022
News ကျပ်သိန်းသုံးရာကျော်တန်ဖိုးရှိ စွမ်းရည်မြင့်သေနတ်အတွက်အလှူငွေလိုအပ်နေသေး၍ လှူဒါန်းနိုင်ကြောင်းဒီမော့ဆို PDF ထုတ်ပြန် တော်လှန်ရေးအတွက် ရင်းနှီးမြုပ်နှံလိုက်ပါပြီဟုလည်း လူထုအား အသိပေးသည်။သေနတ်၏ကုန်ကျစရိတ်မှာကျပ် ၃၆၇ သိန်း ဖြစ်ပြီး ယင်းသေနတ်၏ကျည် တစ်ထောင့်တန်ဖိုးမှာကျပ်ငါးသောင်းခွဲ (၅၅၀၀၀ )ဖြစ်သည်ဟုလည်း ရှင်းပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 9, 2022
News မင်းအောင်လှိုင်လာမည်ကို လက်မခံကြောင်းပြသသည့်အနေဖြင့် မဲဇလီ ရဲစခန်း ကို ပွင့်ဖြူ PDF ပစ်ခတ်တိုက်ခိုက် ပွင့်ဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီယန္တရားနှင့် မင်းလောင်လှိုင်လာမည့် ခရီးစဉ်ကို အစွမ်းကုန်တားဆီးသွားမည် ဖြစ်ပြီး စစ်ရေးအရှိန်များ ဆက်တိုက်မြှင့်တင်သွား မည်ဟု PDFက ထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 9, 2022
News ရေဦး-တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံးဝအသုံးမပြုရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ သတိပေး တိုက်ပွဲများ ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများသည် ရေဦး- တန့်ဆည် လမ်းပိုင်းနှင့် တန့်ဆည် -ကံထူးမလမ်းအား လုံးဝအသွားအလာမလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 9, 2022
News ကိုးတောင်ဘို့တိုက်ပွဲတွင်စစ်ကောင်စီကဒရုန်းဖြင့်ထောက်လှမ်းပြီးလက်နက်အင်အားအပြည့်အစုံဖြင့်တိုက်ခိုက်မှုကို PDFများကတူမီးဖြင့်ခုခံခဲ့ရပြီးဆုံးရှုံးမှုများခဲ့ခြင်းဖြစ် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး လက်နက်အမြန်ဆုံးတပ်ဆင်ပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တောင်းဆိုခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 9, 2022
News ဗန်းမော်ရှိ စစ်ကောင်စီစုပေါင်းဂိတ်တစ်ခုကို KIA/PDF တိုက်ခိုက်ကြောင်း KIAအတည်ပြု တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ခလရ(၄၇)တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဖန်းခါးကုန်းရွာရှိ အမျိုးသားတစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်များသည်လာသောကားကို PDF(ဂန့်ဂေါ)ဖမ်းဆီးအရေးယူ လူသားချင်းစာနာသောအားဖြင့် အဆိုပါယာဉ်၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား PDF-GanGaw ပြန်လည်လွှတ်ပေးခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News အထိနာနေသော စစ်ကောင်စီက ပြောက်ကျားစစ်ကို တန်ပြန်ရန် လူထုကြား သပ်လျှိူသွေးခွဲမှု ပိုမိုလုပ်ဆောင်လာဟု ကလေးPDF သတိပေး ကလေး PDF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများ၊ ကျင့်ဝတ်များအတိုင်း တသွေမတိမ်းလိုက်နာ၍ စစ်ရေးဆိုင်ရာ ပစ်မှတ်များဖြစ်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ထောက်တိုင်များ၊ ယန္တယားများကိုသာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကတိပြုသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News ဗန်းမော်တွင် စစ်ကောင်စီတပ်ကိုစစ်မျက်နှာစဖွင့်ပြီဟု ဗန်မော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန် ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) တို့ပူးပေါင်းတိုက်ခိုက်သည့် စစ်ဆေးရေးဂိတ်သည် ဖန်းခါးကုန်းရပ်၊ ဟန်းတဲရပ်ကွက်တွင်ရှိသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022
News မြင်းမူတွင်စစ်ကောင်စီတပ်က PDF အယောင်ဆောင်ပြီးနေအိမ်များဖျက်ဆီး၍ ပြည်သူများအလွယ်တကူမယုံဘဲ မသင်္ကာစရာကြုံလျှင်သတင်းပေးရန်MMU-PDF အသိပေး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာတစ်ရွာသို့ဝင်ရောက်စီးနင်းစဥ် PDFဟုပြောဆိုကာ နေအိမ်များအားဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများယူဆောင်သွားကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 8, 2022