Connect with us

Hi, what are you looking for?

News

ကောလင်းမြို့ ဖလဲ​ကျေးရွာကိုစစ်​ကောင်စီတပ်စီးနင်းရာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

ကောလင်းမြို့ ဖလဲကျေးရွာအား အာဏာသိမ်းစစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်ရာ ​ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့​ကြောင်း Kawlin Revolution -KRက သတင်းထုတ်ပြန်သည်။

ထိုအပြင် ပြည်သူ့လုံခြုံ​ရေး(ပလဖ) ရဲတစ်ဦးနှင့် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ဝင်(ပအဖ)တစ်ဦးလည်းကျဆုံးခဲ့သည်။ကောလင်းမြို့ ခံသာတိုက်နယ် ဖလဲကျေးရွာကိုစစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်တွင်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအတွင်း PDF ရဲဘော် လေးဦး၊ပြည်သူ့ကာကွယ်ရေး (ပကဖ)တစ်ဦးကျဆုံးခဲ့ရသည်ဟု Kawlin Revolution -KRက သတင်းထုတ်ပြန်သည်။

“ပြည်သူဘက်က ခုနှစ်ဦးတောင်ကျဆုံးရတာ။သတင်းကြားကြားချင်း ထိန့်လန့်သွားတယ်။ အဓိကက လက်နက်မရှိတာဗျ။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ PDF တွေ လက်နက်ရရေးကူညီပေးဖို့လိုတယ်”ဟုကောလင်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

ထိုအပြင် ဖလဲကျေးရွာမှနေအိမ်သုံးလုံးနှင့်ကားနစ်စီးကိုပါ စစ်ကောင်စီတပ်သားများကမီးရို့ဖျက်ဆီးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာဖြစ်သော Kawlin Revolution -KRက ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်အား တစ်တိုင်းလုံးအတိုင်းအတာအားဖြင့် လက်နက်ကိုင် တော်လှန်ရေး အရှိန်ရနေပြီဖြစ်သည်။ သို့သော် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကျဆုံးမှုမကြာခဏ ကြုံတွေ့နေနေရသည်။ ကောလင်းမြို့နှင့် နယ်ချင်းထိစပ်နေသော ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာတွင် ဖေဖော်ဝါရီ ၄ရက်က ဖြစ်ပွားသော တိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်၁၆ဦးအထိ ကျဆုံးခဲ့သည်။ မြေပြင်တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊လေကြောင်းသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့