Connect with us

Hi, what are you looking for?

News

မင်းကင်းPDFက ပန်းဆက်ရွာမှပျူ​စောထီးအဖွဲ့များ၏ကျပ်သိန်း၁၅၀ ​ကျော်တန်ဖိုးရှိရိက္ခာများကို ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခံရ​သောရွာများသို့ ​ဖြန့်​​​ဝေ

“ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀ ကျော်မည်ဟု ယူဆရပြီး ပျူဒလံများ အရှိုက်သို့ ကျည်တစ်ထောင့်မျှဖောက်စရာမလိုပဲ အထိနာနာ ထိုးသွင်းနိုင်ခဲ့ပါသည်။”ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

(ပျူ​​​​စောထီးများ၏ ရိက္ခာများကိုဖမ်းဆီး၍ ပြည်သူများထံဖြန့်​​​ဝေပို့​ဆောင်ရန်ပြင်ဆင်စဥ်။ ။ဓါတ်ပုံ-မင်းကင်းPDF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်းသယ်ဆောင်လာသော ပန်းဆက်ရွာပျူစောထီးအဖွဲ့များ၏ လူသုံးကုန်၊ စားသောက်ကုန်၊ ရေနံပီပါများအား မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်မှ ဖမ်းဆီးခဲ့ကြပြီး ၄င်းတို့အုပ်စုမီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၁ နေ့တွင် ချင်းတွင်းမြစ်အတွင်းရေကြောင်းထိမ်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်နေသော မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်(မင်းကင်း-PDF)က တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ရေယာဉ်ပေါ်တွင်ပါလာသော ပန်းဆက်၊တောင်ဖြူရွာနှင့် အခြားကျေးရွာများမှ အကြမ်းဖက် ပျူဒလံများ ဝယ်ယူထားသောကုန်ပစ္စည်းများအား ရေလမ်းမှတဆင့်သယ်ဆောင်လာစဉ် ဖမ်းဆီးထိမ်းသိမ်းခဲ့ကြပြီး ၄င်းတို့အုပ်စုအကြမ်းဖက်မီးရှို့ခဲ့သော ကျေးရွာများသို့ ပို့ဆောင်ပေးခဲ့ခြင်းကြောင်းမင်းကင်းပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀ ကျော်မည်ဟု ယူဆရပြီး ပျူဒလံများ အရှိုက်သို့ ကျည်တစ်ထောင့်မျှဖောက်စရာမလိုပဲ အထိနာနာ ထိုးသွင်းနိုင်ခဲ့ပါသည်။”ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Public Service Announcement

တာဝန်သိ ပြည်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပြီး နောက်နောင်တွင်လည်း ရန်/ငါ ပြတ်၍ ပြည်သူ့ဘက်မှ ရပ်တည်ပေးကြပါရန် လေးလေးနက်နက် မေတ္တာရပ်ခံကြောင်း၊ ပျူဒလံများ၊ စကစနှင့်ဆက်နွယ်သော ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း လုံးဝ မလုပ်ကြပါရန်နှင့် အကြောင်းကြောင်းကြောင့် သယ်ယူခဲ့ရသည်ရှိသော် သတင်းပေးအကြောင်းကြားပြီး ပြည်သူဘက်မှ ရဲရဲဝင့်ဝင့် ရပ်တည်ပေးကြပါရန် ထပ်မံ မေတ္တာရပ်ခံကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်ရင်း(၁)သည်ယခင်ကလည်း ရေကြောင်းမှတရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းများကိုဖမ်းဆီး၍ အမျိုးသားညီညွှတ်ရေးအစိုးရထံ အပ်နှံပေးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook