Connect with us

Hi, what are you looking for?

News

အဆုံးသတ်တိုက်ပွဲဆင်နွှဲ​တော့မည်ဖြစ်၍ ယင်းမာပင်မြို့မှပြည်သူများ မြို့တွင်းညမအိပ်ရန် PDFထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်သားများကလည်း ယုတ်မာသည့် စစ်​ကောင်စီတပ်များအားအပြင်းအထန်တုန့်ပြန်​နေကြပြီး ယခုအခါ အဆုံးသတ်တိုက်ပွဲ တိုက်ရတော့မည်ဟုလည်းပါရှိသည်။

အဆုံးသတ်တိုက်ပွဲ ဆင်နွဲကြတော့မည်ဖြစ်၍ ဒေသခံပြည်သူများ ညအချိန် မြို့တွင်း၌ လုံးဝအိပ်စက်ခြင်း မပြုကြရန်ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ကအရေးပေါ်ထုတ်ပြန်လိုက်ပြီး ယနေ့ညတွင် စစ်ရေးတင်းမာနေ​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးပြောသည်။

မကြာမီအဆုံးသတ်တိုက်ပွဲ ဆင်နွဲကြတော့မည့်အကြောင်း ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်က ယ​နေ့ည​နေတွင်ထုတ်ပြန်ထားပြီး ယင်းမာပင်မြို့တွင်းနှင့် အောင်ဇေယျကွက်သစ်ရှိ ပြည်သူများအနေဖြင့် ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)ကစ၍ ညအချိန်တွင် မြို့တွင်း၌ လုံးဝအိပ်စက်ခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့ လိုအပ်လို့ထုတ်တာ။ ဒီနေ့ဆိုရင်ပဲ စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ လှည့်ပြီးအင်အားပြတယ်။ မြို့ကိုလည်း တောင်ဘက်နဲ့ အနောက်ဘက်ကနေ လက်နက်ကြီးနဲ့ ချိန်ထားတယ်။ မြို့ထဲလည်း ကင်ပုန်းတွေဝပ်နေတယ်။ စစ်ရေးတင်းမာနေလို့ လိုအပ်လို့ထုတ်ပြန်တာပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက
People’s Spring သို့ ပြောသည်။

စစ်တပ်က အဓမ္မ အာဏာသိမ်းထားသည်မှာ (၁)နှစ်ပြည့်မြောက်သွားပြီဖြစ်ပြီး လူထုက ဒီမိုကရေစီရရှိရေး၊ နိုင်ငံ့ခေါင်းဆောင်များအား လွှတ်ပေးရေး၊ အဖမ်းဆီးခံ ကျောင်းသားပြည်သူများအား ပြန်လည်လွှတ်ပေးရေးစသည့် တောင်းဆိုချက်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း စစ်အာဏာရှင်တစ်စုက ကျည်ဆံနှင့် ရက်စက်ယုတ်မာမှုကိုသာပေးခဲ့ကြောင်း၊တစ်တိုင်း တစ်ပြည်လုံး တော်လှန်ပုန်ကန်ခဲ့ကြရာ စစ်ခွေးယုတ်များက ပြည်သူလူထုအား ရက်စက်စွာ သတ်ဖြတ် ညှင်းဆဲခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ရွာသူရွာသားများအား မီးလောင်တိုက် သွင်းခြင်းစသည့် ယုတ်မာမှုအပေါင်း သရဖူဆောင်းလောက်အောင် တုန့်ပြန်ညှင်းဆဲခဲ့ကြောင်း ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ် ထုတ်ပြန်ချက်တွင်​ဖော် ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်သားများကလည်း ယုတ်မာသည့် စစ်​ကောင်စီတပ်များအားအပြင်းအထန်တုန့်ပြန်​နေကြပြီး ယခုအခါ အဆုံးသတ်တိုက်ပွဲ တိုက်ရတော့မည်ဟုလည်းပါရှိသည်။

” မိမိတို့၏ အသက်ခန္ဓာကိုယ်ကို အရေးအကြီးဆုံး ဦးစားပေးထားရှိပြီး ပိုင်ဆိုင်သည့် ဥစ္စာ ပစ္စည်းများကို ဒုတိယဦးစားပေးအဖြစ်ထားရှိသင့်ပါသည်။ ပစ္စည်းဥစ္စာကို တွယ်ဖက်ပြီး စစ်ဘေးမရှောင်ပါက အသက်ခန္ဓာကို ဆုံးရှုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။ သို့အတွက် မိမိတို့၏ ဆွေမျိုး၊ အသိုင်းအဝိုင်းများထံ သွားရောက်ခိုလှုံကြရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။ အကယ်၍ စစ်ဘေးစစ်ဒဏ်ကြောင့် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်ပါက PDF တပ်သားများအနေဖြင့် လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း အထူးသတိပေး တိုက်တွန်းအပ်ပါသည်”ဟု ဖော်ပြထားသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “စစ်ကောင်စီက လေးဖက်လေးတန် ဟန်ရေးပြနေတယ်။ကျွန်တော်တို့ အရင်လို မဟုတ်တော့ဘူး။ တိုက်တော့မှာ။သူတို့(စစ်ကောင်စီ)သိရမှာက ကျွန်တော်တို့ဟာ အရင်လို တူမီးနဲ့တိုက်မယ့်သူတွေမဟုတ်တော့ဘူး။ ကျွန်တော်တို့မှာ လက်နက်တွေ ရှိနေပြီ။ပန်းနဲ့ပြန်ပေါက်မယ့်သူတွေ မဟုတ်တာသိဖို့လိုမယ်”ဟု​ ပြောသည်။

ယင်းမာပင်မြို့သည် စစ်အာဏာရှင်အားဆန့်ကျင်ရာတွင် လက်သံပြောင်သည်ဟု နာမည်ကြီးသည့်မြို့ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲမကြာခဏဖြစ်နေပြီး ယနေ့နံနက်တွင်လည်း ပုသိမ်-မုံရွာလမ်းဘေးတစ်နေရာရှိ စစ်ကောင်စီစခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ အနည်းဆုံး ၁၄ ဦး​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။