Connect with us

Hi, what are you looking for?

LuduNwayOo

News

အမြန်လမ်းတွင် စစ်​ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ဟု​ တောင်ငူ PDF ထုတ်ပြန်

“မနက် ဆယ်နာရီလောက်က အမြန်လမ်းမိုင်တိုင် ၁၅၀ မှာ ပဒေသာ ၆ လုံးတော့ ဆွဲလိုက်တယ်။ကားတွေတော့မမှောက်ဘူး။နောက်ထိုင်စီးတဲ့ ‌စခ တွေတော့ ထိလိမ့်မယ်။မီးခိုးအူအောင်မောင်းပြီး ပြေးကြတယ်။”ဟု တောင်ငူပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောကြားသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်း​ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း တောင်ငူပြည်သူ့ကာကွယ်ရေးအဖွဲ့ LPDF-TGOက အသိပေးသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) နံနက် ၁၁ နာရီအချိန်က တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်တစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းအား ရှေ့ထွက် ပဒေသာမိုင်း ၅ လုံးဆွဲဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း၊ သို့သော် ပြည်သူ၏ ကုန်ကားတစ်စီးကပ်ပါလာ၍ ငဲ့ညှာလိုက်ရာ သတ်ကွင်းကျော်မှခွဲလိုက်ရသည့်အတွက် ပဒေသာမိုင်း ၅ လုံးထဲမှ အစွန်တစ်လုံး စစ်ကား အနောက်တည့်တည့် ထိခိုက်သွားကြောင်း LPDF-TGOက အသိပေးသည်။

“မနက် ဆယ်နာရီလောက်က အမြန်လမ်းမိုင်တိုင် ၁၅၀ မှာ ပဒေသာ ၆ လုံးတော့ ဆွဲလိုက်တယ်။ကားတွေတော့မမှောက်ဘူး။နောက်ထိုင်စီးတဲ့ ‌စခ တွေတော့ ထိလိမ့်မယ်။မီးခိုးအူအောင်မောင်းပြီး ပြေးကြတယ်။”ဟု တောင်ငူပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောကြားသည်။

ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုရန် တောင်ငူပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။