Connect with us

Hi, what are you looking for?

News

အမြန်လမ်းတွင် စစ်​ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ဟု​ တောင်ငူ PDF ထုတ်ပြန်

“မနက် ဆယ်နာရီလောက်က အမြန်လမ်းမိုင်တိုင် ၁၅၀ မှာ ပဒေသာ ၆ လုံးတော့ ဆွဲလိုက်တယ်။ကားတွေတော့မမှောက်ဘူး။နောက်ထိုင်စီးတဲ့ ‌စခ တွေတော့ ထိလိမ့်မယ်။မီးခိုးအူအောင်မောင်းပြီး ပြေးကြတယ်။”ဟု တောင်ငူပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောကြားသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်း​ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း တောင်ငူပြည်သူ့ကာကွယ်ရေးအဖွဲ့ LPDF-TGOက အသိပေးသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) နံနက် ၁၁ နာရီအချိန်က တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်တစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းအား ရှေ့ထွက် ပဒေသာမိုင်း ၅ လုံးဆွဲဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း၊ သို့သော် ပြည်သူ၏ ကုန်ကားတစ်စီးကပ်ပါလာ၍ ငဲ့ညှာလိုက်ရာ သတ်ကွင်းကျော်မှခွဲလိုက်ရသည့်အတွက် ပဒေသာမိုင်း ၅ လုံးထဲမှ အစွန်တစ်လုံး စစ်ကား အနောက်တည့်တည့် ထိခိုက်သွားကြောင်း LPDF-TGOက အသိပေးသည်။

“မနက် ဆယ်နာရီလောက်က အမြန်လမ်းမိုင်တိုင် ၁၅၀ မှာ ပဒေသာ ၆ လုံးတော့ ဆွဲလိုက်တယ်။ကားတွေတော့မမှောက်ဘူး။နောက်ထိုင်စီးတဲ့ ‌စခ တွေတော့ ထိလိမ့်မယ်။မီးခိုးအူအောင်မောင်းပြီး ပြေးကြတယ်။”ဟု တောင်ငူပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောကြားသည်။

ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုရန် တောင်ငူပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။