Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်များအနီး မည်သည့်အကြောင်းနှင့်မျှ နီးကပ်စွာ မနေရန် ဟိုပင် PDF ထုတ်ပြန်

ဖော်ပြပါအချက်များကို လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် ကိစ္စ အ၀၀ အား လုံး၀ တာဝန်ယူမည် မဟုတ်ဟုလည်းအသိပေးထားသည်။

စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီယာဉ်တန်းများနှင့် မည်သည့် အကြောင်းနှင့်မျှ အနီးကပ်မနေရန် အထူးသတိပြု ဂရုစိုက်ကြရန် အသိပေးကြောင်း မိုးညှင်းမြို့နယ်ရှိ ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အများပြည်သူများ အထူးလိုက်နာ ပေးရန် သတိပေးချက်တွင် ပြည်သူများ၊ လယ်လုပ်ကိုင်သူများ အနေဖြင့် ယ​နေ့ညနေ ၅နာရီခွဲမှစ၍နန့်ရင်းချောင်း တစ်ဖက်ကမ်းသို့မည်သည့် အကြောင်း နှင့်မျှမလာရန် ဖော်ပြထားသည်။

Public Service Announcement

ဖော်ပြပါအချက်များကို လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် ကိစ္စ အ၀၀ အား လုံး၀ တာဝန်ယူမည် မဟုတ်ဟုလည်းအသိပေးထားသည်။

ဟိုပင် PDF အနေဖြင့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့မှုအချို့လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှရှိခဲ့ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။