Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗိုလ်ချုပ်​မွေး​နေ့တွင် ​မော်လမြိုင်-ထားဝယ်လမ်း​ပေါ်တွင် PDFသုံးဖွဲ့က ခရီးသွားပြည်သူများနှင့်​တွေ့ဆုံ

ထိုတွေ့ဆုံခဲ့သည့်နေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်​သော ​​ခြေမြန်တပ်ရင်း-ခမရ ၁၀၆/ ၅၈၈ တပ်ရင်းနှင့် ၃၄၃/ ၅၈၇ တပ်ရင်းကြားတွင်ဖြစ်သည်။

(PDFတပ်ဖွဲ့ဝင်များကပြည်သူများနှင့်ရင်းနှီးစွာ​တွေ့ဆုံ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေး လက်သုံး​ချောင်း​ထောင်ခဲ့ကြသည်။ ဓါတ်ပုံ-MSRU)

-​​တော်လှန်​ရေးအတွက်အသင့်ရှိ​နေမည်ဖြစ်​ကြောင်းပြသ

မြန်မာနိုင်ငံကလေးများနေ့ဖြစ်သည့် ဗိုလ်ချုပ်မွေးနေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ သုံးခုက မော်လမြိုင်-ထားဝယ်လမ်းမပေါ်တွင် ပြည်သူလူထုနှင့် တွေဆုံပြီး တော်လှန်ရေးအတွက် အသင့်ရှိနေမည်ဖြစ်ကြောင်း ပြသခဲ့သည်ဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအစည်းအရုံး(MSRU)
ကထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်) မနက် ၇ နာရီခွဲခန့်တွင် ရေးမြို့နယ်၊ စံပြကျေးရွာအနီး အာရှလမ်းမကြီးရှိ ကျောပိုးအိတ်စခန်းတွင် ပြည်သူနှင့်တိုက်ရိုက်ခေတ္တတွေ့ဆုံခဲ့ပြီး လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖြစ်ကြောင်းပြသခဲ့ ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာတွင် MSRUအပါအဝင် ရေးဘီလူးအဖွဲ့၊ Ye Special Tasks Forces – YSTF စသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၃ ခုပါဝင်ခဲ့သည်။ ထိုတွေ့ဆုံခဲ့သည့်နေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်​သော ​​ခြေမြန်တပ်ရင်း-ခမရ ၁၀၆/ ၅၈၈ တပ်ရင်းနှင့် ၃၄၃/ ၅၈၇ တပ်ရင်းကြားတွင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။