Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မွန်၊ ကရင်နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ-NMSP(AD)

ဟန်နွေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။

အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်သည် ရေးမြို့နယ် ကွမ်ကျိုက်ရွာ ဘက် ဝင်ရောက်တပ်စွဲရန် သတင်းရ၍ ဩဂုတ် ၂၉ရက် မနက်တွင် NMSP(AD) ၊ YPDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ-NMSP(AD)

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးထက်မနည်း သေဆုံးထိခိုက်ရှိခဲ့ကြောင်း အသိပေးထားပြီး ပူးပေါင်းတပ်မှ ထိခိုက်မှု ရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် ကွမ်ကျိုက်ရွာ တိုက်ပွဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူ ပေးခဲ့ပြီး စစ်ကူတပ်များ ထပ်ရောက်လာကြောင်း ဒေသခံကို ကိုးကား ဖော်ပြထားပြီး စစ်ကောင်စီတပ်ဘက်မှ ၃ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ဟု ဆိုသည်။

NMSP-ADသည် ယခုနှစ်ဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။ထိုသို့ တိုက်ခိုက်ရာတွင် မွန်တော်လှန်ရေးတပ်ဖွဲ့များအပြင် ဒေသတွင်း အခြားသော တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ရေးဖော်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။