Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် ခြေမြန်တပ်မ(၁၀၁) စစ်ကြောင်းအား PDF တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရှင်မတောင် ပေါ်မှဆင်းလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သိမ်းဆည်းရမိသော ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရှင်မတောင် ပေါ်မှဆင်းလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၃၁ရက် ညနေ ၅နာရီခန့်က ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်မှ ဆင်းလာသော ပခုက္ကူမြို့ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ အင်အား၆၀ခန့်ပါ စစ်ကြောင်းအား စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

” ထိတွေ့တိုက်ပွဲက နာရီဝက်လောက်ဖြစ်ခဲ့တာ။ အထိအခိုက်ကတော့ ကျွန်တော်တို့အနေနဲ့ မသိသေးဘူးဖြစ်နေတယ်။ရှင်မတောင်ပေါ်တက်ဖို့ ၂၇ ရက်နေ့လောက်ကတည်းက ဝေ့လယ်ဝေ့လယ်လုပ်နေတာ။ တက်သွားတာတော့ ၃၀ ရက်နေ့ ညပိုင်းကတက်သွားပြီး ၃၁ရက်နေ့ ပြန်ဆင်းတော့ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ထိုနောက် တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာ ခဲယမ်းအချို့နှင့် အခြားစစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုပကဖက စက်တင်ဘာ ၃ရက်တွင် ထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် ပခုက္ကူမြို့နယ်၊ တာအိုတာတိုင်ကျေးရွာမှတဆင့် ပခုက္ကူတပ်မ(၁၀၁)အတွင်း ပြန်ဝင်သွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်းက ရေစကြိုမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်းများ၊ ယာဥ်တန်းများနှင့် စခန်းများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည့်အပြင် ဟင်္သာပျူစောထီးရွာ၊ မအူနယ်မြေရဲကင်းစခန်းများကိုပါ PDFများက သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။