Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စစ်​ကောင်စီတပ်ကို ထိ​ရောက်စွာတိုက်ခိုက်နိုင်ရန် PDF စုဖွဲ့မှုပြင်ဆင်

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုမီးပွားကပြောသည်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁)မှ PDFများ

သတိုး / People’s Spring

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုမီးပွားကပြောသည်။

“အဓိကကတော့ စကစကို တိုက်ခိုက်တဲ့နေရာမှာ ပိုပြီး ထိရောက်အောင်ရယ် ၊ရန်ကုန်ကိုပြန်ဖို့ ရန်ကုန်ကို တိုက်ဖို့ အတွက်လည်းပါပါတယ်ဗျ။တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၂ )ကနေသွားရမှာဆိုတော့ ရန်ကုန်အဖွဲ့တွေ စုဖွဲ့ပြင်ဆင်ထားဖို့လိုပြီလေ” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၁ ကို ရန်ကုန်တောင်ပိုင်းခရိုင်ဇုန် မှ ခရမ်းမြို့နယ် ၊ သုံးခွ မြို့ နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှလူငယ်အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်တွင်ထုတ်ပြန်အသိ​ပေးခဲ့ခြင်းဖြစ်သည်။

“ကျတော်တို့ကတော့ စုဖွဲ့ ပြင်ဆင် တည်ဆောက် တော်လှန် ဆိုတဲ့ အချက်တွေပေါ် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသလို လက်ရှိမှာလည်း ဒေသခံ Eros တွေနဲ့လည်း ပေါင်းစပ်ပြီး စကစကို တော်လှန်တိုက်ခိုက်နေပါတယ်”ဟုကိုမီးပွားကပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၁ ကို အမျိုးသားညီညွှတ်ရေး အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မူအတိုင်း စနစ်တကျဖွဲ့စည်းထားပြီးတိုက်ခိုက် ရေးအင်အားအရ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) အဖြစ် စီမံကွပ်ကဲလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“မန်းလေး PDF တွေအိမ်အပြန်လမ်းဟာ အင်မတန်အားရခဲ့ကြတယ် ။သူတို့အဲ့လို ဖြစ်လာအောင် ကြိုးစားခဲ့ကြတာ နှစ်နဲ့ချီခဲ့ပါတယ် ခက်ခဲပင်ပမ်းဆင်းရဲခဲ့ကြတယ် ဝေဖန်မှု တိုက်ခိုက်မှုတွေလည်း ရင်ဆိုင်ခဲ့ကြရတယ်။ ကြိုးစားမှုရဲ့ရလဒ်က အောင်ပွဲတခုပါ ခုချိန်သူတို့ အောင်မြင်မှုရဲ့ ရလဒ်ကို ခံစားကြရပြီ ပီတိဖြစ်ရတယ်။ အဲ့လိုဘဲ ကျတော်တို့ ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ကလည်း ခုချိန်မှာ သူတို့လည်းလိုဘဲ ခက်ခဲပင်ပမ်းဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ကြိုး

စားမှုရဲ့ ရလဒ်ဟာ တချိန်မှာ ရန်ကုန်တိုင်းပြည်သူတွေရဲ့ အောင်သပြေနဲ့ ဆီးကြိုမယ့် ကြိုဆိုပွဲကိုလည်း ကျတော်တို့ရရှိမှာပါ ။မန်းတောင်ရိပ်ကို ခိုလှုံနိုင်ခဲ့သလိုရန်ကုန်မှာ ပြန်ဆုံကြမယ်လို့ ပြောပါရစေ” ဟု ကိုမီးပွားကဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။