Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်း PDFများ သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-Yesagyo Info Committee၊ ကိုဝေကြီး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဩဂုတ် ၂၄ ရက်) နံနက် ၂နာရီခန့်မှ စတင်၍ မအူစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂နာရီကျော်ကြာပစ်ခတ်တိုက်ခိုက်ပြီးနောက်မအူနယ်မြေရဲစခန်းအား အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိခိုက်မှုအခြေအနေမသိရသေးဘဲ စခန်းရှိ စစ်အုပ်စုမှာ ထွက်ပြေးသွားကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။

“သူတို့က မြစ်ကြောင်းနဲ့နီးတော့ မြစ်ကြောင်းဘက်ကို ဆုတ်သွားတယ်။ ဆင်ဖြူရှင်တံတားဘက်သွားပူးပေါင်းမယ်လို့ယူဆရတယ်။ သူတို့ဆုတ်ပြီး နည်းနည်းလေးကြာတဲ့အချိန်မှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ​ပြောသည်။

အဆိုပါ စခန်းတွင်းမှ ဂျန်ပါစက်ကြီးတစ်လုံး၊ M79 တစ်လက်၊ ၆၀မမ ၆လုံး၊ အီနာဂါ ၄လုံးနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုပကဖက အသိပေးသည်။

ထို့အပြင် စခန်းအား နေ့လယ်ပိုင်းတွင် ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

မအူနယ်မြေရဲစခန်းအား ဇူလိုင်လ ၂၅ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့် Salingyi Special Task Force (SSTF) ၊ မြိုင်(ပ.က.ဖ) ၊နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ကပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

ယနေ့စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ)နှင့် ပခုက္ကူခရိုင်အမှတ်(၉)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၂၂ရက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာပျုစောထီးကျေးရွာကို ရေစကြိုပကဖက တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားကြရာ စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတာလည်း အချိန်တခုကြာခဲ့ပြီ။ သူက PDFလည်းမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးပါ။

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။