Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်း PDFများ သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-Yesagyo Info Committee၊ ကိုဝေကြီး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဩဂုတ် ၂၄ ရက်) နံနက် ၂နာရီခန့်မှ စတင်၍ မအူစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂နာရီကျော်ကြာပစ်ခတ်တိုက်ခိုက်ပြီးနောက်မအူနယ်မြေရဲစခန်းအား အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိခိုက်မှုအခြေအနေမသိရသေးဘဲ စခန်းရှိ စစ်အုပ်စုမှာ ထွက်ပြေးသွားကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။

“သူတို့က မြစ်ကြောင်းနဲ့နီးတော့ မြစ်ကြောင်းဘက်ကို ဆုတ်သွားတယ်။ ဆင်ဖြူရှင်တံတားဘက်သွားပူးပေါင်းမယ်လို့ယူဆရတယ်။ သူတို့ဆုတ်ပြီး နည်းနည်းလေးကြာတဲ့အချိန်မှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ​ပြောသည်။

အဆိုပါ စခန်းတွင်းမှ ဂျန်ပါစက်ကြီးတစ်လုံး၊ M79 တစ်လက်၊ ၆၀မမ ၆လုံး၊ အီနာဂါ ၄လုံးနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုပကဖက အသိပေးသည်။

ထို့အပြင် စခန်းအား နေ့လယ်ပိုင်းတွင် ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

မအူနယ်မြေရဲစခန်းအား ဇူလိုင်လ ၂၅ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့် Salingyi Special Task Force (SSTF) ၊ မြိုင်(ပ.က.ဖ) ၊နွေဦးစစ်သည်ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ကပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

ယနေ့စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ)နှင့် ပခုက္ကူခရိုင်အမှတ်(၉)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၂၂ရက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာပျုစောထီးကျေးရွာကို ရေစကြိုပကဖက တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားကြရာ စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။