Connect with us

Hi, what are you looking for?

သတင်း

လိပ်သိုမြို့ရှိ ခမရ(၆၀၃)ဗဟိုကင်းစခန်းအား PDFပူးပေါင်းတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်‌ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်‌ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက်က တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂၊ တပ်မဟာ ၂ တပ်ရင်း ၅၊ အထူးတပ်ရင်း တို့ပူးပေါင်းပြီး ခမရ(၆၀၃)ဗဟိုကင်းစခန်းကို ၁၁၄ မမ ရှော့တိုက်ဒုံး ၂လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ရိက္ခာဂိုထောင်၊ မော်တော်ယာဉ်ဂိုထောင်နှင့် မော်တော်ယာဉ် ၃စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရရှိခဲ့ဟုထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ဟုလည်း အသိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်ကလည်း တောင်ငူလေတပ်စခန်း ဌာနချုပ်ကို ၁၁၄ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်စခန်းဌာနချုပ်အတွင်း ထိခိုက်သေဆုံး ပျက်စီးမှု ရှိခဲ့ဟု တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဩဂုတ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများဖော်ဆောင်ခဲ့ရာ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊အုတ်တွင်းမြို့နယ်တို့၌ စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။