သတင်း ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက် ရေစကြိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာမှန်ကန်ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoနိုဝင်ဘာ 10, 2023
သတင်း ပေါက်ခေါင်းတွင် စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်ဆိုသူကို PDF ပစ်သတ် ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီ ရေယာဥ်နှင့် ရှေ့ပြေးကင်းတန်းအား PDFတွေ တိုက်ခိုက် ယမန်နေ့ (နိုဝင်ဘာ ၈ရက်) နံနက်ပိုင်းက ယာဥ် ၁၇စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ်သို့ ထွက်ခွာလာခဲ့သည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ဖားကန့်ဆယ်ဇင်းတွင်စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်စခန်း ၃ခုကို ယနေ့မနက်တွင် KIA/PDF သိမ်းပိုက် နိုဝင်ဘာ ၉ရက် နံနက် ၂နာရီ ၄၀ခန့်မှစ၍ အဆိုပါ တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာ နံနက် ၇နာရီခွဲဝန်းကျင်တွင် စခန်းသုံးခုစလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း တမူးမြို့နယ် ပန်းသာရွာစစ်ကောင်စီစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ပန်းသာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြီးခဲ့သည့် ဇွန်လကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသည်။ LuduNwayOoနိုဝင်ဘာ 8, 2023
သတင်း ရှမ်းမြောက်တိုက်ပွဲအတွက် လမ်းကင်းလုံခြုံရေးယူနေသည့်တပ်သားတစ်ဦး လက်နက်ဖြင့် ဖယ်ခုံ PDFထံ အလင်းဝင်လာ ယမန်နေ့(နိုဝင်ဘာ ၇ ရက်)နေ့လယ်က ဖယ်ခုံအခြေစိုက် ခမရ -၄၂၂ တပ်မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 8, 2023
သတင်း ဒီးမော့ဆိုမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ရာ ယာဥ်လေးစီးပျက်စီးပြီး တစ်စီးမီးရှို့ဖျက်ဆီးခဲ့ဟု လွိုင်ကော်ခရိုင် PDF ပြော တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း လည်း လွိုင်ကော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂)က ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 8, 2023
သတင်း ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီတပ်ဂိတ်စခန်းအား PDFများတိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခန့်က စတင်ပြီး နံနက် ၉ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoနိုဝင်ဘာ 8, 2023
သတင်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်ပြော မြို့သိမ်းတိုက်ပွဲသတင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လေ့ရှိပြီး ပင်လည်ဘူးမြို့ သိမ်းပိုက်နိုင်မှု အခြေအနေကို သတင်းထုတ်ပြန်မှု မတွေ့ရသေး၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 8, 2023
သတင်း မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ပစ်ကူပေးမည်ဟုလိမ်ညာပြီး PDFကို ခုခံတိုက်ရန် ရဲများအား ညွှန်ကြားခဲ့ ရဲမှူးလှိုင်မြင့်သိန်းဆိုသူက မင်းရွာရဲစခန်းတိုက်ခိုက်ခံရမှု အခြေအနေကို ဗိုလ်အေးမင်းစိုးဆိုသူထံ မေးမြန်းရာ စခန်းရှိ ရဲတပ်ဖွဲ့ဝင်က အစပိုင်း၌ ထိခိုက်မှုမရှိကြောင်း ပြန်လည်ဖြေကြားသည်။ LuduNwayOoနိုဝင်ဘာ 8, 2023