Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝှေခါ​ဗျူဟာကုန်းတိုက်ပွဲမှာစွမ်းရည်ပြသခဲ့သည့် ကလေးငါးဦးမိခင် PDF ရဲဘော်

ဖားကန့်မှ PDF ထောက်ပို့ ရဲဘော်တဦးက”သူ(မချောစု)က သိပ်တော်တာ။ သိပ်သတ္တိရှိတာ။ ဝှေခါစခန်းကို သိမ်းတော့ သူက ကျုပ်တို့ရဲဘော်တွေနဲ့ တသားတည်းဗျ” ဟုချီးကျူး​ပြောကြား သည်။

(KIA က မချောစု(ခ)ဂျန်မော်ခေါန်ရှောင် ကို တပ်ကြပ်ရာထူးတိုး​ပေးစဥ်/ ​ဝှေခါဗျူဟာကုန်းစခန်းကိုသိမ်းပိုက်ပြီး​နောက်စခန်း​​ရှေ့တွင် KIA မှ အရာရှိများနှင့်အတူ​တွေ့ရ​သောမ​ချောစု ။ဓါတ်ပုံ-The Kachin Net)
(KIA က မချောစု(ခ)ဂျန်မော်ခေါန်ရှောင် ကို တပ်ကြပ်ရာထူးတိုး​ပေးစဥ်/ ​ဝှေခါဗျူဟာကုန်းစခန်းကိုသိမ်းပိုက်ပြီး​နောက်စခန်း​​ရှေ့တွင် KIA မှ အရာရှိများနှင့်အတူ​တွေ့ရ​သောမ​ချောစု ။ဓါတ်ပုံ-The Kachin Net)

ဖားကန့်တွင် ကျောက်စိမ်းမဟုတ်သည့် သက်ရှိအဖိုးတန်ရတနာ ထွက်ရှိလာပြီဟု ဒေသခံများက ဂုဏ်ယူဝင်ကြွားစွာပြောသည်။

” ဒီနေ့ ကျတော်တို့ ဖားကန့်မှာ သူ့အကြောင်းပဲ ပြောနေကြတာ”ဖားကန့်ဒေသခံတဦးက ဆို​လေသည်။

သူတို့ပြောနေကြသူက ဖားကန့် KPDF တပ်ဖွဲ့ဝင် မချောစု(ခ)ဂျန်မော်ခေါန်ရှောင် အကြောင်းဖြစ်သည်။KPDF ဆိုသည်မှာ ကချင်ပြည်နယ်မှ KIA လက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-PDF ဖြစ်ပါသည်။

မချောစု(ခ)ဂျန်မော်ခေါန်ရှောင်သည် အသက် ၄၇ နှစ်အရွယ်ဖြစ်ပြီး ကလေး ငါးဦးမိခင်ဖြစ်သည်။ မူလက စက်ချုပ် လုပ်ငန်းလုပ်ဖြင့် အသက်​မွေး​သော်လည်းစစ်တပ်က နိုင်ငံ‌တော် အာဏာသိမ်းသည့်အခါ PDF ထဲသို့ ဝင်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသူဖြစ်ကြောင်း KPDF က ဆိုသည်။

Public Service Announcement

Public Service Announcement

(KIA က မချောစု(ခ)ဂျန်မော်ခေါန်ရှောင် ကို တပ်ကြပ်ရာထူးတိုး​ပေးစဥ်/ ​ဝှေခါဗျူဟာကုန်းစခန်းကိုသိမ်းပိုက်ပြီး​နောက်စခန်း​​ရှေ့တွင် KIA မှ အရာရှိများနှင့်အတူ​တွေ့ရ​သောမ​ချောစု ။ဓါတ်ပုံ-The Kachin Net)
(KIA က မချောစု(ခ)ဂျန်မော်ခေါန်ရှောင် ကို တပ်ကြပ်ရာထူးတိုး​ပေးစဥ်/ ​ဝှေခါဗျူဟာကုန်းစခန်းကိုသိမ်းပိုက်ပြီး​နောက်စခန်း​​ရှေ့တွင် KIA မှ အရာရှိများနှင့်အတူ​တွေ့ရ​သောမ​ချောစု ။ဓါတ်ပုံ-The Kachin Net)

ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့သည် ဝှေခါ ဗျူဟာစစ်တပ်စခန်းကုန်းကို ဇန်နဝါရီလ ၁၈ရက်နံနက် ၄နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ​ဝှေခါဗျူဟာ မသိမ်းနိုင်ခင် ​ဝှေခါ ရဲစခန်းကို ဇန်နဝါရီ လဆန်းကတည်းက ကနဦးသိမ်းပိုက်ခဲ့ခြင်းသည်။

စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည့် သုံးရက်ဆက်တိုက်ပွဲအတွင်း KPDF တပ်သားအဆင့် မချောစုသည် ကျန် KIA၊ KPDF ရဲဘော်များနှင့်အတူ ရင်ဘောင်တန်း၍ တိုက်ပွဲဝင်ခဲ့သည်ဟု KPDF ရဲဘော်တစ်ဦးကပြောသည်။ တိုက်ပွဲအပြီးတွင် မချောစုအား KIAက တပ်ကြပ်ကြီးအဖြစ်ရာထူးတိုးပေးလိုက်ပြီး ရွှေဆွဲကြိုးတစ်ကုံးလည်း ချီးမြှင့်လိုက်သည်။

” မချောစုကိုKIAက ရာထူးတိုးပေးလိုက်ပြီ။သူက ဝှေခါခစန်းသိမ်းတိုက်ပွဲမှာအစအဆုံး ဝင်တိုက်ခဲ့တာ”ဟု KPDF ရဲဘော်က​ပြောသည်။

​ဝှေခါရွာ စခန်းသိမ်းတိုက်ပွဲတွင် ရဲရင့်စွာဖြင့် အမျိုးသားရဲ​ဘော်များနှင့်အတူရင်​ဘောင်တန်းပြီး တိုက်ပွဲစတင်ချိန်မှ ပြီးဆုံးသည်အထိ ပါဝင်တိုက်ခိုက်ခဲ့သောကြောင့် တပ်သားအဆင့်မှ တပ်ကြပ်ကြီး အဆင့်သို့ KIA ကချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း KIA ၏သတင်းပြန်ကြား​ရေး​ဌာနတစ်ခုဖြစ်​​သော Kachin Net က​ ကချင်ဘာသာဖြင့်ဖော်ပြသည်။

(KIA က မချောစု(ခ)ဂျန်မော်ခေါန်ရှောင် ကို တပ်ကြပ်ရာထူးတိုး​ပေးစဥ်/ ​ဝှေခါဗျူဟာကုန်းစခန်းကိုသိမ်းပိုက်ပြီး​နောက်စခန်း​​ရှေ့တွင် KIA မှ အရာရှိများနှင့်အတူ​တွေ့ရ​သောမ​ချောစု ။ဓါတ်ပုံ-The Kachin Net)
(KIA က မချောစု(ခ)ဂျန်မော်ခေါန်ရှောင် ကို တပ်ကြပ်ရာထူးတိုး​ပေးစဥ်/ ​ဝှေခါဗျူဟာကုန်းစခန်းကိုသိမ်းပိုက်ပြီး​နောက်စခန်း​​ရှေ့တွင် KIA မှ အရာရှိများနှင့်အတူ​တွေ့ရ​သောမ​ချောစု ။ဓါတ်ပုံ-The Kachin Net)

ဖားကန့်မှ PDF ထောက်ပို့ ရဲဘော်တဦးက”သူ(မချောစု)က သိပ်တော်တာ။ သိပ်သတ္တိရှိတာ။ ဝှေခါစခန်းကို သိမ်းတော့ သူက ကျုပ်တို့ရဲဘော်တွေနဲ့ တသားတည်းဗျ” ဟုချီးကျူး​ပြောကြား သည်။

စစ်အာဏာရှင်တော်လှန်ရေး၌ KIA တွင်ရော KPDF တွင်ပါ အမျိုးသမီးစစ်သည်များ ပါဝင်တိုက်ခိုက်နေသည်ဟု ၎င်းက ဆက်​ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးလိုက်သဖြင့် အာဏာရှင်စနစ်ကို မလိုလားသောကြောင့် သားသမီးများ၏ရှေ့ရေးအတွက်၊ တိုက်ပြည်အတွက် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်သားအဖြစ် ပါဝင်တာဝန်ထမ်း​ဆောင်​နေခြင်းဖြစ်​သည်ဟု စက်ချုပ်သူ အဖြစ်မှ PDF ဖြစ်လာ​သောမချောစု(ခ)ဂျန်မော်ခေါန်ရှောင်က​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။