Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား PDFများ တိုက်ခိုက်

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့လေ့ကျင့်ရေး (၈)တပ်မှ အင်အား ၄၀၀ခန့်ဖြင့် ရွှေဘိုမြို့မြောက်ဘက်ခြမ်းနှင့် ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးခဲ့ကြောင်း သတင်းရရှိသည်။

(ရွှေဘို (ပကဖ)ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘိုပကဖ)
(ရွှေဘို (ပကဖ)ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘိုပကဖ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မဟာနန္ဒာကန်ပေါင်ရှိ စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၃ ရက်) ည ၁၂ နာရီခွဲခန့်က ရွှေဘိုမြို့ ‌မြောက်ဘက်ရှိ မဟာနန္ဒာကန်တော် လမ်းပေါ်ရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ၏ စစ်ဆေးရေးဂိတ်အား ရွှေဘို(ပကဖ) အဖွဲ့က ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲစတင်ချိန်တွင် စစ်အုပ်စု၏ ဘန်ကာများနှင့်ကင်းတဲများအား ဝင်ရောက်၍ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ဘန်ကာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း စစ်သားနှင့်ပျူများ ထွက်‌ပြေးခဲ့သဖြင့် လက်နက်မသိမ်းနိုင်ခဲ့ကြောင်း ရွှေဘို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲတွင် ပကဖအဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး စစ်သားနှင့်ပျူစောထီး ငါးဦး‌သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူ ၁၀ဦးရှိကြောင်း ရွှေဘို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံး ၅ဦးအနက်နှစ်ဦး၏ ရုပ်အလောင်းကိုမေဂွန်(ပျူ)ကျေးရွာတွင် ယနေ့ နေ့လယ်က သင်္ဂြိုလ်ပြီး ကျန် ရုပ်အလောင်း သုံးလောင်းအား ဒဏ်ရာရသူများနှင့်အတူ ရွှေဘိုမြို့ဆေးရုံသို့ သယ်သွားကြောင်း ဒေသခံများထံမှ အတည်ပြုနိုင်သည်ဟု ၎င်းက ဆိုသည်။

“ရွှေဘိုမြို့ပေါ်ရပ်ကွက်လို တဆက်တစပ်တည်းဖြစ်နေတဲ့ ပျူရွာပါ။ အင်အား၃၀နဲ့၄၀ ​ကြား​လောက် ရှိတယ်။ ရွာနဲ့ဂိတ်က တဆက်တည်းလိုပါ။”ဟု ရွှေဘိုပကဖအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ရွှေဘိုမြို့တွင်းမှ စစ်ကူကားများ ထွက်လာသည်ဟုသတင်းရ၍ ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ရွှေဘိုမြို့ ခမရ (၁၁) ၊ ခလရ (၄၂)တို့နှင့် (၂)မိုင်ခန့်သာဝေးပြီး ရွှေဘိုလေ့ကျင့်ရေး(၈)တပ်ဘက်မှ ၄၀ မမလက်နက်ကြီးဖြင့် အလုံးရေများစွာ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပကဖမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်ပကဖ(PDO)အဖွဲ့ ၊ ရွှေဘိုမြို့နယ်တိုက်နယ်(၁)၊(၅)၊တိုက်နယ်(၃)ပကဖ (Brave Defence Force)၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်းပကဖ၊ ညောင်ဦးမြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီတယ်လီဂရန်ချန်နယ်များတွင် မေဂွန်ရွာကို PDFများ ဝင်ရောက်ပစ်ခတ်ခဲ့၍ တပ်နှင့်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့လေ့ကျင့်ရေး (၈)တပ်မှ အင်အား ၄၀၀ခန့်ဖြင့် ရွှေဘိုမြို့မြောက်ဘက်ခြမ်းနှင့် ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook