Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တွင် KIA/PDF ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဇန်နဝါရီ ၂၂ရက်က ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ တဝိုက်တွင် တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညပိုင်းအချိန်ထိ တိုက်ပွဲဆက်ရှိခဲ့သည်ဟုဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များပြားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၂၂ရက်က ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ တဝိုက်တွင် တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညပိုင်းအချိန်ထိ တိုက်ပွဲဆက်ရှိခဲ့သည်ဟုဆိုသည်။

“စကစ စစ်တပ်နဲ့ ဦးရွှေမင်း ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ လှုပ်ရှားလာလို့ KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတယ်။ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့တွေ တော်တော်များများ အထိနာသွားကြတယ်။ လူနာနဲ့အလောင်းတွေကို ကားနဲ့ ဝိုင်းမော်ဘက်သယ်သွားတာတွေ့တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝိုင်းမော်မြို့နယ် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် ကွတ်ခိုင်၊ မိုးမိတ်၊ မဘိမ်း၊ မံစီနှင့် ဖားကန့်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ယခုလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ မံစီ၊ မဘိမ်း၊ မိုးမိတ်၊ ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

Facebook