Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်ဂိတ်စခန်းနှင့် စစ်ကြောင်းကို PDF တိုက်ခိုက်

ချင်းလည်ငါးဘတ်ကုန်း စစ်ကောင်ဂိတ်စခန်းကို ဇန်နဝါရီ ၂၂ ရက် နံနက် ၄ နာရီခန့်တွင် တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၂) ဧရာညီနှောင်စစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၂)ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၂)ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ချင်းလည်ငါးဘတ်ကုန်းစစ်ကောင်ဂိတ်စခန်းနှင့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ချင်းလည်ငါးဘတ်ကုန်း စစ်ကောင်ဂိတ်စခန်းကို ဇန်နဝါရီ ၂၂ ရက် နံနက် ၄ နာရီခန့်တွင် တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၂) ဧရာညီနှောင်စစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သုံးဦးသေဆုံးပြီး သုံးဥဦးအပြင်းအထန်ဒဏ်ရာရကာ သေဆုံးသူများနှင့် ဒဏ်ရာရသူများက်ို ပေါက်ခေါင်းဘက်မှဆိုင်ကယ်နှစ်စီး၊ ကားတစ်စီးဖြင့် ပေါက်ခေါင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်ငယ်ဖြင့်ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ဧရာညီနောင်စစ်ကြောင်းမှရဲဘော် များ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ တပ်ရင်း ၃၆၀၁(PPDF) စနိုက်ပါအဖွဲ့မှ ယင်းနေ့(ဇန်နဝါရီ ၂၂) နံနက် ၉ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ် ဂွေးတောက်ကွင်းရွာမှထွက်လာသော စစ်ကောင်စီတပ် အင်အား(၅၀)ပါစစ်ကြောင်းက်ို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးဒဏ်ရာရသွားသဖြင့် ထမ်းစဥ်ဖြင့်ထမ်း၍ လက်ပံခုန်ကျေးရွာဘက်သို့ သယ်ဆောင်သွားခဲ့ရသည်။

သို့သော် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဇန်နဝါရီ ၁၆ ရက်ကလည်း ပေါင်းတည်နယ်၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းကျေးရွာကြားသို့ရောက်ရှိလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို တပ်ရင်း(၃၆၀၁)မှ တစ်ရက်တည်း ငါးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook