Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF တိုက်ခိုက်

ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့တွင် ဗျူဟာမှူးအပြောင်းအလဲလုပ်ပြီးနောက် ယခင်ကဲ့သို့ စစ်ကြောင်းရှည်မထွက်တော့ဘဲ မြို့အနီးဝန်းကျင်သာ နေ့ချင်းပြန်စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(ကုက္ကိုစုကျေးရွာမှထွက်လာသော စစ်ကြောင်းအား တိုက်ခိုက်ရန် ပြည်သူ့ရဲဘော်များက စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - File Photo)
(ကုက္ကိုစုကျေးရွာမှထွက်လာသော စစ်ကြောင်းအား တိုက်ခိုက်ရန် ပြည်သူ့ရဲဘော်များက စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - File Photo)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုကျေးရွာအား ဝင်ရောက်ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force(FRF)ဘုတလင်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။

ယနေ့(ဇန်နဝါရီ၂၄ ရက်) နံနက် ၉နာရီကျော်က ဘုတလင်မြို့နယ်၊ ကုက္ကိုစုကျေးရွာအား စစ်ကြောင်းထိုး ပြန်ထွက်လာသော အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်အား မြို့အဝင်အနီးတွင် ကြိုတင်ကင်းပုန်းဝပ်ထားသော နေရာသို့ ရောက်ချိန် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ခွဲမှူးက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း FRF အဖွဲ့က ဆိုသည်။

“ကျွန်တော်တို့က သူတို့လာမယ့်လမ်းကို ကြိုတင် ကင်းပုန်းဝပ်ထားတာ။ ခေါင်းထိကောင်ကတော့ မသေချာဘူးတဲ့။ လက်မောင်းထိတဲ့ကောင်နဲ့ ခြေထောက်မှန်တဲ့ကောင်ကတော့ ရှင်နိုင်ခြေရှိတယ်တဲ့။ထိခိုက်တဲ့သူတွေကို ဖြစ်တဲ့နေရာထိကားထိုးပြီး တင်သွားတယ်”ဟု တပ်ခွဲမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းတွင် ဖမ်းဆီးခံထားရသော ဓားစာခံပြည်သူအချို့လည်းပါဝင်ပြီး ဘုတလင်မြို့ပေါ် ပြည်သူ့ဝန်ဆောင်မှု OSS ရုံးသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

သို့သော် စစ်ကြောင်းထိုးခံရသည့် ကုက္ကိုစုကျေးရွာ၏ အခြေအနေကိုမူ မသိရသေးပေ။

ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့တွင် ဗျူဟာမှူးအပြောင်းအလဲလုပ်ပြီးနောက် ယခင်ကဲ့သို့ စစ်ကြောင်းရှည်မထွက်တော့ဘဲ မြို့အနီးဝန်းကျင်သာ နေ့ချင်းပြန်စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇန်နဝါရီ ၁၂ရက်ကလည်း ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေးရွာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို FRF အဖွဲ့နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook