Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ဒုရဲအုပ်အသတ်ခံရပြီးနောက် အိမ်စီးကားဖြင့်လိုက်လာသည့် ရဲများအား PDFက ထပ်မံတိုက်ခိုက်

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

(ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo)
(ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဒုရဲအုပ်တစ်ဦး ပစ် သတ်ခံရပြီးနောက် အိမ်စီးကားနှစ်စီးဖြင့် လိုက်လာသည့် ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂) နတ်ဆိုးတပ်ရင်း၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ကင်းပတ်လာသည့် ရဲ ရှစ်ဦးပါ Alphardယာဉ်နှင့် ရဲ ကိုးဦးပါ Pradoယာဉ်တို့အား ဗိုလ်တေဇလမ်းပေါ် ကြယ်စင်မင်းဆီဆိုင်အနီးတွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုးတပ်ရင်းမှ ဗိုလ်နတ်ဆိုးက ပြောသည်။

“လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပစ်အပြီး အဲဒီကားနှစ်စီးက ကျွန်တော်တို့ထင်တဲ့အတိုင်းပဲ တောက်လျှောက်လိုက်လာတယ်။ ရဲတိုင်းရုံးထဲကထွက်လာတယ် ထင်တယ်။ ကားတွေက လုံးဝစုတ်ပျက်သက်သွားတယ်။ ကားပေါ်ကနေတစ်ယောက်မှ မလှုပ်နိုင်မဆင်းနိုင်ဘူး။ သေတာကိုကအဲကားပေါ်က ၆ ယောက်လောက်သေတယ်။ ပရာဒိုပေါ်က တစ်ယောက်ပဲခုန်ဆင်းနိုင် တယ်။ ကျန်တဲ့ လေးယောက်က ကားပေါ်မှာပဲအပစ်ခံရတာ။”ဟုဗိုလ်နတ်ဆိုးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံရဲများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်နက်ကောက်ရန် ကြိုးပမ်းချိန် ပတ်ကင်းကားများ ထပ်မံရောက်ရှိလာ၍ ၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု့ဖြစ်ပွားခဲ့ပြီးနောက် ​ဆုတ်ခွာခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ကား နှစ်စီးနဲ့ စက်မှုထဲပတ်ပစ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျက်စီးသွားသော ကားနှစ်စီးအား အချိန် အနည်းငယ်ကြာမှ လာရောက်ဆွဲယူသွားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် အမှတ် (၁)တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၃)အမဲလိုက်သိန်းငှက် တပ်ရင်းနှင့် မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။