Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ဒုရဲအုပ်အသတ်ခံရပြီးနောက် အိမ်စီးကားဖြင့်လိုက်လာသည့် ရဲများအား PDFက ထပ်မံတိုက်ခိုက်

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

(ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo)
(ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဒုရဲအုပ်တစ်ဦး ပစ် သတ်ခံရပြီးနောက် အိမ်စီးကားနှစ်စီးဖြင့် လိုက်လာသည့် ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂) နတ်ဆိုးတပ်ရင်း၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ကင်းပတ်လာသည့် ရဲ ရှစ်ဦးပါ Alphardယာဉ်နှင့် ရဲ ကိုးဦးပါ Pradoယာဉ်တို့အား ဗိုလ်တေဇလမ်းပေါ် ကြယ်စင်မင်းဆီဆိုင်အနီးတွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုးတပ်ရင်းမှ ဗိုလ်နတ်ဆိုးက ပြောသည်။

“လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပစ်အပြီး အဲဒီကားနှစ်စီးက ကျွန်တော်တို့ထင်တဲ့အတိုင်းပဲ တောက်လျှောက်လိုက်လာတယ်။ ရဲတိုင်းရုံးထဲကထွက်လာတယ် ထင်တယ်။ ကားတွေက လုံးဝစုတ်ပျက်သက်သွားတယ်။ ကားပေါ်ကနေတစ်ယောက်မှ မလှုပ်နိုင်မဆင်းနိုင်ဘူး။ သေတာကိုကအဲကားပေါ်က ၆ ယောက်လောက်သေတယ်။ ပရာဒိုပေါ်က တစ်ယောက်ပဲခုန်ဆင်းနိုင် တယ်။ ကျန်တဲ့ လေးယောက်က ကားပေါ်မှာပဲအပစ်ခံရတာ။”ဟုဗိုလ်နတ်ဆိုးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံရဲများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်နက်ကောက်ရန် ကြိုးပမ်းချိန် ပတ်ကင်းကားများ ထပ်မံရောက်ရှိလာ၍ ၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု့ဖြစ်ပွားခဲ့ပြီးနောက် ​ဆုတ်ခွာခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ကား နှစ်စီးနဲ့ စက်မှုထဲပတ်ပစ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျက်စီးသွားသော ကားနှစ်စီးအား အချိန် အနည်းငယ်ကြာမှ လာရောက်ဆွဲယူသွားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် အမှတ် (၁)တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၃)အမဲလိုက်သိန်းငှက် တပ်ရင်းနှင့် မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။