သတင်း လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး ပို့ဆောင်ထားသည့် ဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားသည်။ LuduNwayOoဩဂုတ် 23, 2023
သတင်း ပေါက်မြို့နယ်ရှိ ရေပြာရွာစစ်ဆေးရေးဂိတ်အား ဒေသတွင်း PDFများ တိုက်ခိုက် တိုက်ခိုက်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်၊ ကျည် ၁၇၁ တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်၂စီးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။ LuduNwayOoဩဂုတ် 22, 2023
သတင်း ဖားကန့်နယ် ကာမိုင်းအနီး စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ နမ့်ယားရွာနှင့် ကာမ်ိုင်းမြို့ကားလမ်းပိုင်းရှိ ကျောက်ထုကျေးရွာအနီးတွင် ယနေ့(ဩဂုတ် ၂၂ရက်) နံနက် ၈ နာရီခန့်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 22, 2023
သတင်း ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတိုက်ပွဲ ပြန်ဖြစ်နေဟု PDF ပြော စစ်ကောင်စီထံမှ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး တစ်လက်အပါအဝင် ဆက်စပ်ခဲယမ်း မီးကျောက်များ၊ ကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။ LuduNwayOoဩဂုတ် 21, 2023
သတင်း ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီး ယနေ့တိုက်ပွဲဆက်ဖြစ်နေ ကွင်းကြီးရွာအနီး တောင်ရိုးတွင် ယမန်နေ့ နံနက် က အင်အား ၆၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 21, 2023
သတင်း ရန်ကုန်တိုင်း PDF တပ်ရင်း နှစ်ရင်းထပ်မံတိုးချဲ့ဖွဲ့စည်းရန်ပြင်ဆင်နေဟုရန်ကုန်တိုင်းစစ်ဒေသစစ်ဆင်ရေးတာဝန်ခံပြော တပ်ရင်း ၅၁၀၁ အနေဖြင့် ရန်ကုန်နှင့် အနီးဆုံးတွင် ရှိနေပြီး မြို့ပြသို့ဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း တပ်ရင်း ၅၁၀၁ ၏ တပ်ရင်းမှူး ရဲဘော် ဩကာသက အဆိုပါအခမ်းအနားတွင်ပြောကြားသည်။ LuduNwayOoဩဂုတ် 21, 2023
သတင်း ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်က PDFယူနီဖောင်းဝတ်ပြီး ကျေးရွာစာသင်ကျောင်း မီးရှို့ဖျက်ဆီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ဧပြီ ၁၉ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းရှစ်သိန်းကျော် ရှိပြီဟု သိရသည်။ LuduNwayOoဩဂုတ် 20, 2023
သတင်း မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်း၌ PDFများ လုံခြုံရေးနှင့် ယာဉ်စစ်ဆေးမှု ဆက်လက်ပြုလုပ် စစ်ဆေးမှု ပြုလုပ်သည့် နေရာဒေသနှင့် အချိန်ကို ဖော်ပြမထားသော်လည်း PDF ရဲဘော်များက ကုန်တင်ယာဉ် ၊ ခရီးသည်ယာဉ်များ အပါအဝင် လမ်းအသုံးပြုနေသည့် ယာဉ်များကို စစ်ဆေးနေသည့် ပုံရိပ်များကို ဖော်ပြခဲ့သည်။ LuduNwayOoဩဂုတ် 20, 2023
သတင်း ရွှေဘိုမြို့စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ PDF များစိန်ခေါ်ပြီးရက်ပိုင်းအကြာ တိုက်ခိုက်ခံရ သြဂုတ် ၁၅ ရက်ကလည်း ရွှေဘိုမြို့အဝင် တောင်ဘက်မုခ်ဦးအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း BLACK WOLF - ARMY က ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 20, 2023
သတင်း ယင်းမာပင်တွင် ပြည်သူ၈ ဦးကိုသတ်ခဲ့သောစစ်ကောင်စီစစ်ကြောင်း ကနီသို့ ရောက်လာရာ PDF များက ၂ ရက်ဆက်တိုက်ခိုက် မြေပြင်၌ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သလို မုံရွာမြို့ အခြေစိုက်နမခ မှလည်း လက်နက်ကြီးပစ်ကူ ပေးကာ စစ်ကူခဲ့သည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဩဂုတ် 18, 2023