Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်း၌ PDFများ လုံခြုံရေးနှင့် ယာဉ်စစ်ဆေးမှု ဆက်လက်ပြုလုပ်

စစ်ဆေးမှု ပြုလုပ်သည့် နေရာဒေသနှင့် အချိန်ကို ဖော်ပြမထားသော်လည်း PDF ရဲဘော်များက ကုန်တင်ယာဉ် ၊ ခရီးသည်ယာဉ်များ အပါအဝင် လမ်းအသုံးပြုနေသည့် ယာဉ်များကို စစ်ဆေးနေသည့် ပုံရိပ်များကို ဖော်ပြခဲ့သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းသည် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် အသိပေးသည်။

စစ်ဆေးမှု ပြုလုပ်သည့် နေရာဒေသနှင့် အချိန်ကို ဖော်ပြမထားသော်လည်း PDF ရဲဘော်များက ကုန်တင်ယာဉ် ၊ ခရီးသည်ယာဉ်များ အပါအဝင် လမ်းအသုံးပြုနေသည့် ယာဉ်များကို စစ်ဆေးနေသည့် ပုံရိပ်များကို ဖော်ပြခဲ့သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)

အဆိုပါလမ်းပိုင်းတွင် PDFနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်များ ပူးပေါင်းပြီး လုံခြုံရေးစစ်ဆေးမှုများကို ယခုနှစ် ဇွန်လလယ်မှစ၍ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်နိုင်မှုသည် စစ်ကောင်စီတပ် နယ်မြေများကို စွန့်လွှတ်လိုက်ရသည့် အခြေအနေကို မြင်သာစေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယမန်နေ့တွင် People’s Spring သို့ ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ယခင်က KNU တပ် များကို ပိတ်ဆို့ တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း အာဏာသိမ်းပြီး ၂နှစ်တာ ကာလတွင် စစ်စွမ်းအား သိသာစွာ ကျဆင်းနေသည့် အခြေအနေကို ပဒိုစောတောနီးက ပြောပြခြင်းဖြစ်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)

“ဒီနေ့ဒီအခါမှာကတော့ကျနော်တို့ကို ပိတ်ဆို့ဖို့ နေနေသာသာ ဖြစ်လာတဲ့ တိုက်ပွဲတွေက အလူးအလဲပဲ ခံနေရတယ်ဆိုတာ ကျနော်တို့ မြင်နေရတယ်။ အောက်ဘက်ကို ဆင်းလာရင် တပ်မဟာ (၁)ပေါ့နော်။ အဲဒီ ရန်ကုန်-မော်လမြိုင်ကာလမ်း။ ရန်ကုန်- မော်လမြိုင်ကားလမ်းမှာ စစ်အာဏာမသိမ်းခင်တိုက်ပွဲတွေဖြစ်ရင် ကျနော်တို့ တောပိုင်းတွေမှာ ဖြစ်တာများတယ်။ ဒီနေ့ ဒီကာလမှာ ရန်ကုန် -မော်လမြိုင်ကားလမ်း အထူးသဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထို-ဘီးလင်း-သထုံ ကြည့်လိုက်ရင် တိုက်ပွဲဖြစ်လိုက်ရင် ကားလမ်းမပေါ် တွေ့နေရတယ်ဆိုတာ ဒါ ဘာဖော်ပြလဲဆို ကျနော်တို့ကောင်းကောင်းမွန်မွန် စိုးမိုးနိုင်ပြီဆိုတာပြောလို့ရတယ်။ ဟိုးတောင်ပိုင်း ပြန်ဆင်းလာတဲ့အခါ မော်လမြိုင်နဲ့ ရေး-ထားဝယ် ကားလမ်းတလျှောက် အဲဒါကတော့ အမှတ်(၈) ပြည်ထောင်စုကားလမ်းဆိုကျနော်တို့တပ်ဖွဲ့တွေ ကိုယ်တိုင်လမ်းမပေါ် တက်ပြီးစစ်ဆေးရေးတွေ လုပ်နေတာ အကြိမ်ပေါင်း အရေအတွက် မဖော်ပြနိုင်လောက်အောင်ပဲ”ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ဆောင်ရွကနိုင်ခြင်းသည် စစ်ကောင်စီတပ် နယ်မြေစွှန့်လွှတ်လိုက်ရမှုကို မကြေညာရုံ အနေအထားဖြစ်ပြီး အားလုံးသိရှိကြသည်ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။