Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ ရေပြာရွာစစ်ဆေးရေးဂိတ်အား ဒေသတွင်း PDFများ တိုက်ခိုက်

တိုက်ခိုက်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်၊ ကျည် ၁၇၁ တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်၂စီးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

(သိမ်းဆည်းရမိခဲ့သော သေနတ်တစ်လက်နှင့်ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်ပကဖ)
(သိမ်းဆည်းရမိခဲ့သော သေနတ်တစ်လက်နှင့်ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်ပကဖ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ရေပြာကျေးရွာစစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၂၂ ရက်)နံနက် ၇ နာရီခွဲခန့်က ပေါက်မြို့နယ်၊ ရေပြာကျေးရွာစစ်ဆေးရေးဂိတ်အား “နောင်ရိုး စစ်ဆင်ရေး”အဖြစ် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

တိုက်ခိုက်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး ရဲတစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်၊ ကျည် ၁၇၁ တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်၂စီးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

“စကစလာရင် များများသေတယ်။ အရင်က ခြောက်ဦး၊ ခုမနက်က သုံးဦးတည်းလာတာ။ ညတွေဘာတွေမအိပ်ဘူး။ ရေပြာစခန်းပြန်တာ။ နှစ်ကောင်ကပြေးတယ်။ တစ်ကောင်သေတာ ခုညအထိ အလောင်းမကောက်ဘူး။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျန်ရဲများလည်း ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း သိရသည်ဟု ဆိုသည်။

“ရေပြာက လမ်းဆုံ၊ အချက်အချာကျတဲ့နေရာကို ဝင်တိုက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ဆင်ရေးအား ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း၁ – စိတ် ၁၈၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်ဗျတ္တနှင့်နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်ဝါရီ၂၁ ရက်ကလည်း ရေပြာရွာစစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများပြားပြီး ပြည်သူ့ရဲဘော် နှစ်ဦးလည်း ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။