Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ် ကာမိုင်းအနီး စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်‌နေ

နမ့်ယားရွာနှင့် ကာမ်ိုင်းမြို့ကားလမ်းပိုင်းရှိ ကျောက်ထုကျေးရွာအနီးတွင် ယနေ့(ဩဂုတ် ၂၂ရက်) နံနက် ၈ နာရီခန့်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

(ယနေ့တိုက်ပွဲအတွင်း ပိတ်မိနေသည့်ကားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယနေ့တိုက်ပွဲအတွင်း ပိတ်မိနေသည့်ကားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်နှင့် မိုးကောင်းမြို့နယ် လမ်းပိုင်းရှိ ကျောက်ထုကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သတင်းရရှိသည်။

နမ့်ယားရွာနှင့် ကာမ်ိုင်းမြို့ကားလမ်းပိုင်းရှိ ကျောက်ထုကျေးရွာအနီးတွင် ယနေ့(ဩဂုတ် ၂၂ရက်) နံနက် ၈ နာရီခန့်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲက မနက်ကတည်းကဖြစ်တာ။ လမ်းလည်းပိတ်နေတယ်။ ညနေ ၃နာရီလောက်မှာ စစ်တပ်ဂိတ်ဘက်ကနေ ပစ်တဲ့လက်နက်ကြီး ကျပြီး ပေါက်ကွဲတာပါ။ အမျိုးသမီးတစ်ယောက် တော်တော်လေး ထိသွားပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲကြောင့် ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ နန့်ယားရွာအနီး၌ ကားအစီးရေရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ကားကို လမ်းပေါ် ရပ်ထားပြီး ရွာထဲဝင်နေရတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတယ်”ဟု ယနေ့ ညနေ ၅နာရီခန့် အခြေအနေနှင့်ပတ်သက်ပြီး ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးများ အဆမတန်အသုံးပြုတိုက်ခိုက်နေ၍ ပေါက်ကွဲသံများ ဆူညံနေကြောင်း ‌ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ကျော်က စစ်ကြောင်းထိုးလာ၍ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခြင်းဟု ဖားကန့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦး က ပြောသည်။

တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ခြေရှိသည်ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။