Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတိုက်ပွဲ ပြန်ဖြစ်နေဟု PDF ပြော

စစ်ကောင်စီထံမှ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး တစ်လက်အပါအဝင် ဆက်စပ်ခဲယမ်း မီးကျောက်များ၊ ကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။

(ဒီးမော့ဆို PDF မှရဲဘော်များအားညရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဒီးမော့ဆို PDF)
(ဒီးမော့ဆို PDF မှရဲဘော်များအားညရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဒီးမော့ဆို PDF)

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတိုက်ပွဲ ပြန်လည်စတင်နေပြီဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(သြဂုတ် ၂၁ရက်)နံနက်ပိုင်းကစ၍ တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီက လက်နက်ကြီးများ အဆမတန်အသုံးပြုနေကြောင်းလည်း ၎င်းက ဆိုသည်။

“တိုက်ပွဲကပြန်စနေပြီပေါ့။ အရင်ဖြစ်ခဲ့တဲ့နေရာတွေ တစ်ဝိုက်ပဲ။သူတို့ဘက်က ထိုးစစ်စလို့ ထိတွေ့မှုဖြစ်နေတာပေါ့”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဩဂုတ် ၂ရက်ကစ၍ ဒီးမော့ဆို – ဖရူဆို ပြည် ထောင်စုလမ်းမကြီး ထိန်းချုပ်ရန် စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။

Public Service Announcement

Public Service Announcement

နှစ်ပတ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ် ရင်းမှူး၊ဒုတပ်ရင်းမှူးများအပါအဝင် ၇၁ ဦး သေဆုံးပြီး လက်နက်ကြီး၊လက်နက်ငယ်၁၆ လက်ရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ် လျှောက် စစ်ကြောင်းအရ တပ်မ (၅၅)လက် အောက်ခံ ခမရ (၁၁၂)၊ ခလရ (၃)တပ်များဖြစ်သည်။

သြဂုတ် ၁၀ရက်မှ ၁၂ရက်အတွင်း ငွေတောင်ရွာသစ်နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ ခမရ(၁၁၂)မှ ၄၅ ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် ၂၆ဦးခန့် ထိခိုက်သေဆုံးခဲ့သည်။

စစ်ကောင်စီထံမှ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး တစ်လက်အပါအဝင် ဆက်စပ်ခဲယမ်း မီးကျောက်များ၊ ကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။

ထို့အတူ ကရင်နီတပ်မတော်(KA)မှ ဒုဗိုလ်တစ်ဦး၊ KNDF/B-04 မှ ရဲဘော်တစ်ဦး နှင့် KNDF/B-19 မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရသည်။

ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်းတိုက်ပွဲ၌ ကရင်နီတပ်မ တော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ပူးပေါင်းတိုက်ခိုက်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ