Hi, what are you looking for?
မိုးသီးမိုးပေါက်လို ကျဆင်းလာတဲ့ ကျည်ဆန်တွေ၊ ဗုံးတွေကို ကျေးရွာအဆင့် အခမ်းအနားလေး တစ်ခုဆီ မညှာမတာ စုပြုံ ပစ်ခတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာ စစ်အာဏာရှင်တွေက သူတို့ဟာ အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောင်ပြောင်တင်းတင်း မုသားစကား ဆိုပါတယ်။ တကယ်တမ်းကျတော့ တစ်ခုသော အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တဲ့...
စစ်ကောင်စီတပ်သည်ဆန်ခါနှင့်မှော်ပုံကျေးရွာမှအရပ်သား၂၁၅ ဦးကိုဧပြီလ ၂၁ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးယနေ့(ဧပြီ ၂၅ ရက်)အထိဆက်လက်ဖမ်းဆီးထားကြောင်းဒေသခံများကပြောသည်။ အဆိုပါပြည်သူများထဲက ၇၀ ဦးခန့်ကို စစ်တပ်ကလူသားဒိုင်းအဖြစ်ခေါ်၍ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။