Connect with us

Hi, what are you looking for?

သတင်း

နားဋောင်းကျရွာမှပျူ​လေ့ကျင့်​ရေးစခန်းကို PDFများ တိုက်ခိုက်သိမ်းပိုက်

နားဋောင်းကျကျေးရွာသည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီး ပျူစောထီးကြီးစိုးရာ နယ်မြေအတွင်း တည်ရှိသည်။

(နဋောင်းကျ ကျေးရွာပျူစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Kuduma Platform)
(နဋောင်းကျ ကျေးရွာပျူစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Kuduma Platform)

▪️စစ်ကောင်စီတပ် ၁၂ ဦးထက်မနည်းသေဆုံးပြီး၊လက်နက် ၇ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊နဋောင်းကျကျေးရွာရှိစစ်ကောင်စီတပ်၏ ပျူ​စောထီး​လေကျင့်​ရေးစခန်းကို ဒေသကာကွယ်ရေးတပ်အဖွဲ့များက ယ​နေ့နံနက်အ​စောတိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့်ပျူ ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၂၅) တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဧပြီ ၂၅ ရက်) နံနက်စော ၃နာရီခန့်က တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော နဋောင်းကျကျေးရွာရှိ စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့်ပျူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သားအချို့မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

(နဋောင်းကျ ကျေးရွာပျူစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Kuduma Platform)
(နဋောင်းကျ ကျေးရွာပျူစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Kuduma Platform)

“မနက် ၂ နာရီ၄၅မိနစ်က စစ်ဆင်ရေးစတာ၊ ၄၅ မိနစ်လောက်ကြာတယ်။ စခန်းသိမ်းတဲ့အထိ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တယ်။ ပြည်သူ့ရဲဘော်တွေ ဘေးကင်းတယ်”ဟု ရွှေဘိုခရိုင် တပ်ရင်း(၂၅) တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

နယ်​မြေရှင်းလင်း​ရေးပြူလုပ်ရာစစ်သားနှင့်ပျူ အ​လောင်း ၁၂ ​လောင်း​တွေ့ရပြီးစစ်ကောင်စီအုပ်စုထံမှ ကာဘိုင် လေးလက်၊ ၁၂ ဗို့ ခါးချိုး သုံးလက်၊ ကျည်ဘောက် ခုနစ်ခု၊ ကျည်မျိုးစုံ ၂၀၀ ကျော်၊ လက်ပစ်ဗုံးများနှင့် စစ်ဝတ်စုံများ သိမ်း​ဆည်းရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“နားဋောင်းကျမှာ တပ်စွဲထားတာကြာပြီ။ တပ်စွဲတဲ့နေရာ အကုန်လုံးတော့ရှင်းခဲ့နိုင်တယ်။ အင်အားက သုံးဆယ်လေးဆယ်လောက်တော့ရှိမယ်။”ဟု တန့်ဆည်အခြေစိုက်ဒေသကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် ရွှေဘိုခရိုင်တပ်ရင်း (၆၊၇၊၉၊၁၂၊၂၅)၊တန့်ဆည် (ပကဖ)နှင့် Mobileအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နားဋောင်းကျကျေးရွာသည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီး ပျူစောထီးကြီးစိုးရာ နယ်မြေအတွင်း တည်ရှိသည်။

အဆိုပါကျေးရွာက ပျူများအား စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး စစ်ကောင်စီတပ်နှင့်အတူ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးအကြမ်းဖက်လေ့ရှိသည်။

စစ်ကောင်စီတပ်သည် ပြည်သူများအား လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေ၍ ကျေးရွာများ၌ ပွဲလမ်းသဘင်အခမ်းအနားများကို လုံခြုံရေးသတိဖြင့် ကျင်းပရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးများကို ရှောင်ရှားပေးကြရန် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook