Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခရမ်း PDF ၇ ဦးဖမ်းမိပြီး လက်နက်တွေပါ ရလိုက်တယ်လို့ စစ်ကောင်စီသတင်းထုတ်

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ခရမ်းမြို့နယ် လဝက ရုံးရှေ့ ဘန်ကာ တိုက်ခိုက်ခံရပြီး ၉ ရက်အတွင်း ခရမ်း PDF တွေ ဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ်က PDF တပ်ဖွဲ့ဝင် ၇ ဦးကို ဧပြီလတတိယပတ်အတွင်း ဖမ်းမိလိုက်တယ်လို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်လာပါတယ်။

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ခရမ်းမြို့နယ် လဝက ရုံးရှေ့ ဘန်ကာ တိုက်ခိုက်ခံရပြီး ၉ ရက်အတွင်း ခရမ်း PDF တွေ ဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဧပြီလ ၁၉ရက်နေ့လယ်ပိုင်းမှာ သန်လျင်မြို့နယ်၊ပေါက်တောရွာအနီ ၁ ဦးကိုစတင်ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၆ ဦးကို မရမ်းကုန်းမြို့နယ် ၊မုဒိတာ အိမ်ရာ မှာ ၃ ဦး ၊ဒေါပုံမြို့နယ်က တိုက်ခန်း မှာ ၃ ဦးဆက်တိုက်ဖမ်းမိတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

ခရမ်း PDF ဘက်ကလည်း ဧပြီလ ၂၂ ရက်မှာ တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းခံလိုက်ရတယ်လို့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့ဓာတ်ပုံမှာ ချေမှုန်းရေး ရိုင်ဖယ် ၅ လက်ထက်မနည်း သိမ်းဆည်းခံရတာလည်းတွေ့ရပါတယ်။

ခရမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုအပြီး ရန်ကုန်မှာ ခိုလှုံစဉ် စစ်ကောင်စီတပ်ရဲ့ ဝိုင်းဝန်းဖမ်းဆီးတာကို တပ်ဖွဲ့ဝင်တွေ ခံလိုက်ရတာလို့ခရမ်း PDF တာဝန်ရှိသူက မီဒီယာကိုဖြေထားပါတယ်။

ခရမ်းမြို့နယ်ဟာ ရန်ကုန်မြို့ကနေ မိုင် ၄၀ ကျော်သာကွာဝေးပေမယ့် မြို့နယ်ထဲက စစ်ကောင်စီလုံခြုံရေးဂိတ်တွေ၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာရုံးတွေမကြာခဏ တိုက်ခိုက်ခံနေရတာပါ။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။