Connect with us

Hi, what are you looking for?

သတင်း

ခရမ်း PDF ၇ ဦးဖမ်းမိပြီး လက်နက်တွေပါ ရလိုက်တယ်လို့ စစ်ကောင်စီသတင်းထုတ်

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ခရမ်းမြို့နယ် လဝက ရုံးရှေ့ ဘန်ကာ တိုက်ခိုက်ခံရပြီး ၉ ရက်အတွင်း ခရမ်း PDF တွေ ဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ်က PDF တပ်ဖွဲ့ဝင် ၇ ဦးကို ဧပြီလတတိယပတ်အတွင်း ဖမ်းမိလိုက်တယ်လို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်လာပါတယ်။

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ခရမ်းမြို့နယ် လဝက ရုံးရှေ့ ဘန်ကာ တိုက်ခိုက်ခံရပြီး ၉ ရက်အတွင်း ခရမ်း PDF တွေ ဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဧပြီလ ၁၉ရက်နေ့လယ်ပိုင်းမှာ သန်လျင်မြို့နယ်၊ပေါက်တောရွာအနီ ၁ ဦးကိုစတင်ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၆ ဦးကို မရမ်းကုန်းမြို့နယ် ၊မုဒိတာ အိမ်ရာ မှာ ၃ ဦး ၊ဒေါပုံမြို့နယ်က တိုက်ခန်း မှာ ၃ ဦးဆက်တိုက်ဖမ်းမိတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

ခရမ်း PDF ဘက်ကလည်း ဧပြီလ ၂၂ ရက်မှာ တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းခံလိုက်ရတယ်လို့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့ဓာတ်ပုံမှာ ချေမှုန်းရေး ရိုင်ဖယ် ၅ လက်ထက်မနည်း သိမ်းဆည်းခံရတာလည်းတွေ့ရပါတယ်။

ခရမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုအပြီး ရန်ကုန်မှာ ခိုလှုံစဉ် စစ်ကောင်စီတပ်ရဲ့ ဝိုင်းဝန်းဖမ်းဆီးတာကို တပ်ဖွဲ့ဝင်တွေ ခံလိုက်ရတာလို့ခရမ်း PDF တာဝန်ရှိသူက မီဒီယာကိုဖြေထားပါတယ်။

ခရမ်းမြို့နယ်ဟာ ရန်ကုန်မြို့ကနေ မိုင် ၄၀ ကျော်သာကွာဝေးပေမယ့် မြို့နယ်ထဲက စစ်ကောင်စီလုံခြုံရေးဂိတ်တွေ၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာရုံးတွေမကြာခဏ တိုက်ခိုက်ခံနေရတာပါ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ