Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့လယ်ရှိ မြို့မရဲစခန်းကို PDFများက ပစ်ခတ်တိုက်ခိုက်

ထိုစစ်ဆင်ရေးအား ဘာမဏီပျောက်ကြားတပ်ဖွဲ့၊GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း(ပကဖ)များနှင့်မြိုင် (ပကဖ) ရင်း(၁) ခွဲ (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြိုင်မြို့နယ် လင်းကတောရဲစခန်းကို ၂၀၂၂ ဇန်နဝါရီ ၂၉ရက်က ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ​ - မြိုင်(ပကဖ)
မြိုင်မြို့နယ် လင်းကတောရဲစခန်းကို ၂၀၂၂ ဇန်နဝါရီ ၂၉ရက်က ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ​ - မြိုင်(ပကဖ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့လယ်ရှိ မြို့မရဲစခန်းကို ​ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယမန်နေ့ (ဧပြီ၂၄ ရက်) နံနက် ၇နာရီခန့်က မြိုင်မြို့တွင်းသို့ဝင်ရောက်ကာ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“ကား၃စီးနဲ့ ရဲစခန်းနားအထိလာပြီးလက်နက်ကြီးနဲ့ ပစ်ခတ်သွားတယ် ပြောတယ်။ ထိခိုက်မူတော့မသိဘူး။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်း ၈ နာရီခန့်တွင်လည်း မြိုင်မြို့ရဲစခန်းဝန်းကျင်၌ ပစ်ခတ်သံများကြားခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးအား ဘာမဏီပျောက်ကြားတပ်ဖွဲ့၊GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း(ပကဖ)များနှင့်မြိုင် (ပကဖ) ရင်း(၁) ခွဲ (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ကျေးရွာ၊ ဆေးရုံနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။