News ကန်ပက်လက်တွင်တိုက်ပွဲသုံးကြိမ်ဖြစ်ရာ စစ်ကောင်စီတပ် ၆ဦးသေ “ဒီနေ့သူတို့ကစစ်ကြောင်း သုံးကြောင်းခွဲပြီးတက်လာတယ်။ တချို့ကလေယာဉ်ကွင်းဆောက်ဖို့ လျာထားတဲ့နေရာကတက်လာလို့ အာ့မှာ တိုက်ပွဲဖြစ်တာ၊”ဟု CDF-ကန်ပက်လက် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoမတ် 7, 2022
News ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဟု CDFပြော "စစ်ကောင်စီရဲ့ အင်အားက ၁၅၀အထက်ရှိတယ်။လောလောဆယ် မဟာမိတ်အချို့ ကျွန်တော်တို့နဲ့ အတူ ကူတိုက်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ LuduNwayOoမတ် 7, 2022
News ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ် နှစ်လအတွင်း တိုက်ပွဲ ကိုးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ၅၇ ဦးသေပြီး CDF တစ်ဦးကျဆုံး အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၁ရက်တွင် မောချောင်းရွာရှိ ပြည်သူလူထု နေအိမ် လေးလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာ လူနေအိမ်များအားဖောက်ထွန်းကာ ပစ္စည်းများခိုးယူခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။ LuduNwayOoမတ် 6, 2022
News ချင်း-မကွေးနယ်စပ် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီ ခုနစ်ဦးသေဟု ကန်ပက်လက် CDFထုတ်ပြန် တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း CDFတပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း၊ ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။ LuduNwayOoမတ် 4, 2022
News ကန်ပက်လက်မှလာသည့် စစ်ကောင်စီတပ် ဆောမြို့နယ်တွင် တိုက်ခိုက်ခံရ၍ ၁၀ဦးခန့်သေ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကား ၁၆ စီးဖြင့်ဆင်းလာရာ ဆောမြို့နယ်တွင် ယောဒေသကာကွယ်ရေးတပ်(YDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမတ် 2, 2022
News ချင်းနှင့် မကွေးကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၁၀ဦး ထက်မနည်းသေဟု ကန်ပက်လက် CDF ပြော ပြောက်ကျားစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခြင်းခံရသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းသည် ဆွဲလွဲကျင်းရွာနှင့် မဆာတွီရွာအကြားတွင် ယနေ့လည်း ညအိပ်ဦးမည်ဟု CDF Kanpetlet က ခန့်မှန်းသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2022
News လောင်းရှည်-ကျင်ဒွေးလမ်းကို အသုံးမပြုရန် CDF-ကန်ပက်လက်ထုတ်ပြန် မကွေးတိုင်း လောင်းရှည်မှချင်းပြည်နယ် ကျင်ဒွေးမြို့သို့သွားလာရာတွင်အသုံးပြုသည့် ထိုလမ်းကို ပြန်လည်သွားလာနိုင်သည့် အချိန်ကို အသိပေးသွားမည်ဟုလည်း CDF-ကန်ပက်လက်က ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 27, 2022
News ကန်ပက်လက် CDF နှင့်တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်နှစ်ဦးသေ ဖေဖော်ဝါရီ ၂၇ရက်တွင် ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့်မဆာတွီရွာအကြား၌ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ နှစ်ဦးသေ၊ သုံးဦးခန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 27, 2022
News ကန်ပက်လက်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၄ဦးသေ အကြမ်းဖက်စစ်ကောင်စီဘက်မှာ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ အများအပြားရှိသည်ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 20, 2022
News ကန်ပက်လက်နှင့်ဆောမြို့ အကြားလမ်းများသို့ သွားလာခြင်းမပြုရန် CDF ထုတ်ပြန် အကယ်၍ မဖြစ်မနေသွားလာရန်ရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ် (CDF)သို့ ဆက်သွယ်ပြီးသွားလာကြရန် လည်း အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2022