Connect with us

Hi, what are you looking for?

News

လောင်းရှည်-ကျင်​ဒွေးလမ်းကို အသုံးမပြုရန် CDF-ကန်ပက်လက်ထုတ်ပြန်

မကွေးတိုင်း လောင်းရှည်မှချင်းပြည်နယ် ကျင်ဒွေးမြို့သို့သွားလာရာတွင်အသုံးပြုသည့် ထိုလမ်းကို ပြန်လည်သွားလာနိုင်သည့် အချိန်ကို အသိပေးသွားမည်ဟုလည်း CDF-ကန်ပက်လက်က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ လောင်းရှည်နှင့်ကျင်ဒွေးလမ်းကို ယနေ့မှစ၍အသုံးမပြုကြရန်ချင်းပြည်နယ်ကာကွယ်ရေးတပ်ကန်ပက်လက်(CDF-ကန်ပက်လက်)ကထုတ်ပြန်ထားသည်။

မကွေးတိုင်း လောင်းရှည်မှချင်းပြည်နယ် ကျင်ဒွေးမြို့သို့သွားလာရာတွင်အသုံးပြုသည့် ထိုလမ်းကို ပြန်လည်သွားလာနိုင်သည့် အချိန်ကို အသိပေးသွားမည်ဟုလည်း CDF-ကန်ပက်လက်က ထုတ်ပြန်ထားသည်။

“မင်းအောင်လှိုင်စစ်တပ်ကဒီလမ်းကိုအသုံးပြုပြီးစစ်ကြောင်းထိုးလာမယ်ကြားလို့”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲအပြီးတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် တိုက်ပွဲများ တည်ငြိမ်နေခြင်းဖြစ်သည်။ အထက်ပါ
သုံးရက်အတွင်း တိုက်ပွဲများ၄ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်မြို့နယ်အတွင်းတိုက်ပွဲများမဖြစ်ခင် ကန်ပက်လက်မြို့နယ်အတွင်းရှိ လောင်းရှည်-မဆာတွီ-ကျင်ဒွေး လမ်းမအသုံးပြု၍ သွားလာခြင်းမပြုရန်ရန် ကန်ပက်လက်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။