Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းနှင့် မကွေးကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၁၀ဦး ထက်မနည်းသေဟု ကန်ပက်လက် CDF ပြော

ပြောက်ကျားစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခြင်းခံရသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းသည် ဆွဲလွဲကျင်းရွာနှင့် မဆာတွီရွာအကြားတွင် ယနေ့လည်း ညအိပ်ဦးမည်ဟု CDF Kanpetlet က ခန့်မှန်းသည်။

ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြားရှိ ဆွဲလွဲကျင်းရွာနှင့်မဆာတွီ ကျေးရွာကြား၌ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း Chin Defence Force (Kanpetlet)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက် ၈နာရီခွဲခန့်မှစတင်ပြီး ညနေ ၄နာရီ အထိကြာမြင့်ခဲ့သည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် အဆိုပါသေဆုံးသောစစ်ခွေးအလောင်း များကို လမ်းဘေးရှိ တဲအိမ်တစ်အိမ်တွင်ပြန်စုစည်းပြီး ထိုတဲအိမ်ပါမီးရှို့ ပစ်ကြသည်”ဟု CDF Kanpetletက ပြောသည်။

ပြောက်ကျားစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခြင်းခံရသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းသည် ဆွဲလွဲကျင်းရွာနှင့် မဆာတွီရွာအကြားတွင် ယနေ့လည်း ညအိပ်ဦးမည်ဟု CDF Kanpetlet က ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း CDF Kanpetlet ရဲဘော်များနှင့် လာရောက်ပူးပေါင်းသော လောင်းရှည် PDFရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် လောင်းရှည်နဲ့ကျင်ဒွေး လမ်းအသုံးပြုခြင်းမပြုကြရန် နှင့် လိုက်နာပေးကြရန် တိုက်တွန်းသည်။

“စကစဘက်က စစ်ကြောင်းချီလာတော့ သူတို့ကို တိုက်ခိုက်ဖို့ တိုက်ပွဲတွေက နောက်ရက်တွေလည်း ဖြစ်နိုင်ပါတယ်”ဟု CDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယမန့်နေ(ဖေဖော်ဝါရီ ၂၇ ရက်)တွင်လည်း မောချောင်းရွာနှင့် မဆာတွီရွာအကြားတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။