Connect with us

Hi, what are you looking for?

News

ချင်းနှင့် မကွေးကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၁၀ဦး ထက်မနည်းသေဟု ကန်ပက်လက် CDF ပြော

ပြောက်ကျားစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခြင်းခံရသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းသည် ဆွဲလွဲကျင်းရွာနှင့် မဆာတွီရွာအကြားတွင် ယနေ့လည်း ညအိပ်ဦးမည်ဟု CDF Kanpetlet က ခန့်မှန်းသည်။

ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြားရှိ ဆွဲလွဲကျင်းရွာနှင့်မဆာတွီ ကျေးရွာကြား၌ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း Chin Defence Force (Kanpetlet)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက် ၈နာရီခွဲခန့်မှစတင်ပြီး ညနေ ၄နာရီ အထိကြာမြင့်ခဲ့သည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် အဆိုပါသေဆုံးသောစစ်ခွေးအလောင်း များကို လမ်းဘေးရှိ တဲအိမ်တစ်အိမ်တွင်ပြန်စုစည်းပြီး ထိုတဲအိမ်ပါမီးရှို့ ပစ်ကြသည်”ဟု CDF Kanpetletက ပြောသည်။

ပြောက်ကျားစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခြင်းခံရသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းသည် ဆွဲလွဲကျင်းရွာနှင့် မဆာတွီရွာအကြားတွင် ယနေ့လည်း ညအိပ်ဦးမည်ဟု CDF Kanpetlet က ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း CDF Kanpetlet ရဲဘော်များနှင့် လာရောက်ပူးပေါင်းသော လောင်းရှည် PDFရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် လောင်းရှည်နဲ့ကျင်ဒွေး လမ်းအသုံးပြုခြင်းမပြုကြရန် နှင့် လိုက်နာပေးကြရန် တိုက်တွန်းသည်။

“စကစဘက်က စစ်ကြောင်းချီလာတော့ သူတို့ကို တိုက်ခိုက်ဖို့ တိုက်ပွဲတွေက နောက်ရက်တွေလည်း ဖြစ်နိုင်ပါတယ်”ဟု CDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယမန့်နေ(ဖေဖော်ဝါရီ ၂၇ ရက်)တွင်လည်း မောချောင်းရွာနှင့် မဆာတွီရွာအကြားတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။