Hi, what are you looking for?
စစ်ကောင်စီ၏နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(National Defence College-NDC)တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး)ဘာသာရပ် သင်ကြားပေးနေသော အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။
မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။
မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။