Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့မှာ လိုင်စင်မဲ့ကားဆိုင်ကယ်တွေကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးနေ

စစ်တပ်နယ်မြေ၊ပြင်‌‌ဦးလွင်မြို့မှာစီမံချက်ဆိုပြီး လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီအဖွဲ့ကဆက်တိုက်ဖမ်းဆီးနေပြီး တရက်ကို မြို့ခံတွေရဲ့ကားအစီးရေ ၅၀လောက်အထိ အဖမ်းခံနေရကာ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေရဲ့ ကားတွေတော့မပါဘူးလို့ သိရပါတယ်။

ပြင်ဦးလွင်မြို့ နာရီစဉ်နေရာအား ၂၀၂၅ ဧပြီ ၁ရက်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ ၂၆၊၂၀၂၅။ရှိန်း/People Spring

စစ်တပ်နယ်မြေ၊ပြင်‌‌ဦးလွင်မြို့မှာစီမံချက်ဆိုပြီး လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီအဖွဲ့ကဆက်တိုက်ဖမ်းဆီးနေပြီး တရက်ကို မြို့ခံတွေရဲ့ကားအစီးရေ ၅၀လောက်အထိ အဖမ်းခံနေရကာ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေရဲ့ ကားတွေတော့မပါဘူးလို့ သိရပါတယ်။

မေလ၂၃ရက်နေ့ကစတင် ဖမ်းဆီးနေတာဖြစ်ပြီး ပြည်သူပိုင်ဆိုင်ကယ်အများစုဖမ်းဆီးခံနေရတာလို့သိရပါတယ်။

“ဘာမှ ပြောမရဘူး။ဆိုင်ကယ်သိမ်းသွားတာ။ပြီးမှ ထွေအုပ်ရုံးနဲ့ ရုံးပေါင်းစုံဘက်ကိုလိုက် ရွေးရမယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စီမံချက်နဲ့ လိုင်စင်မဲ့ကားဆိုင်ကယ်တွေကို ဖမ်းဆီးနေတဲ့ ယာဉ်ထိန်းရဲတွေဟာ လိုင်စင်မဲ့ကားတွေနဲ့ပဲ လာဖမ်းနေတာလို့ မြို့ခံတွေက ပြောပါတယ်။

“လိုင်စင်မဲ့ကားလာဖမ်းတဲ့သူ တွေရဲ့ကားနဲ့ဆိုင်ကယ် တွေကို ဘယ်သူက စစ်ဆေးလဲ။အကုန်တခုမှ လိုင်စင်မပါဘူး။နောက်ဆုံး DSAနဲ့ စာပေ၂ကအရာရှိ တွေကို ငှား ပေး နေတဲ့ ဆိုင်ကယ်၊ကားအငှားလုပ်တဲ့သူတွေ ဘယ်သူလိုင်စင်ရှိလဲ။စီမံချက်ကလည်း စစ်ကောင်စီလက်ထပ်မှာ ကွက်ကြားမိုးရွာတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေဖမ်းဆီး နေပေမယ့် စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေ၊စစ်ကောင်စီ ဝန်ထမ်းတွေရဲ့ကားနဲ့ ဆိုင်ကယ်‌တွေတော့ မပါဘူးလို့မြို့ခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လိုင်စင်မဲ့ယာ‌ဥ်‌တွေကို စီမံချက်နဲ့ ဖမ်းဆီးမယ်လို့ပြီးခဲ့တဲ့ တပတ်က ပြောခဲ့ပြီးနောက် ပြင်ဦးလွင်မြို့မှာ မြို့လမ်းကြားနဲ့ ကျေးရွာတွေဘက်အထိ ကား၊ဆိုင်ကယ်တွေ ဖမ်းဆီးနေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။