Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် စကခ(၂၁)၏ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အရေးကြီးနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၇ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲကြောင့် ပျက်စီးနေသော ဗန်းမော်မြို့နေအိမ်အဆောက်အဦများအား ၂၀၂၅ မေလ ၂၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − Banmaw Scout Team

မေ ၂၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အရေးကြီးနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၇ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်သည် ယနေ့နံနက်တွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ပြန်လည်ဆင်နွှဲခဲ့ရာ တိုက်ပွဲများ ပြင်းထန်နေပြီး အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ အခိုင်အမာ ကာကင်းစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ဝင်းလိုက်(ဝင်းလိုက်ဟိုတယ်)မှာ စခတွေရဲ့ ဒရုန်းတပ်နဲ့ စနိုက်ပါ တပ်အထိုင်ကျထားတာ။ အခုမနက် ရှင်းလိုက်ပြီ။ ၂၁ ရဲ့ အခိုင်အမာ ကာကင်း”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIA စစ်ရေးသတင်းများ ဖော်ပြနေသည့် 7Stars Newsကလည်း ယနေ့နံနက် ၄နာရီခန့်မှစ၍ စကခ(၂၁) နှင့် အနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အရေးပါသည့် ကာကင်းစခန်းကြီးနှင့် စကခ(၂၁) နေရာအချို့ကို ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

ဗန်းမော်တိုက်ပွဲ ပြင်းထန်နေသော်လည်း ရာသီဥတု မိုးအုံနေပြီး မိုးရွာသွန်းမှုအချို့ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့ကြောင့် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေးရန် အခက်အခဲရှိနိုင်သည်ဟုလည်း ကချင်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီးမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်သည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည်မှာ ၆လခန့်ရှိပြီဖြစ်ပြီး တင့်ကားတပ်၊ သံချပ်ကာတပ်၊ အမြောက်တပ်၊ ခြေလျင်တပ်နှင့် စစ်ကောင်စီ၏ တပ်စွဲရာနေရာအများအပြား သိမ်းပိုက်ထားနိုင်သကဲ့သို့ မေလ ၂၀ရက်တွင် စကခ(၂၁) သို့ စစ်ကူလာသည့် ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။