Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် ထနောင်းကုန်းပျူရွာကို စစ်တပ် အင်အားထပ်တိုးထား

မြင်းခြံခရိုင်စစ်ဆင်ရေးမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထနောင်းကုန်းပျူစောထီးရွာကို စစ်ကောင်စီတပ်တွေ အင်အားတိုးထားပြီး တော်လှန်ရေးတပ်တွေက ဖြတ်တောက်ရေးတွေ လုပ်ထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)ဆီက သိရပါတယ်။

မြင်းခြံခရိုင်စစ်ဆင်ရေးမှာ တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-မြင်းခြံခရိုင်တပ်ရင်း-၃

မေ-၂၇၊ ၂၀၂၅။ People’s Spring

မြင်းခြံခရိုင်စစ်ဆင်ရေးမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထနောင်းကုန်းပျူစောထီးရွာကို စစ်ကောင်စီတပ်တွေ အင်အားတိုးထားပြီး တော်လှန်ရေးတပ်တွေက ဖြတ်တောက်ရေးတွေ လုပ်ထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)ဆီက သိရပါတယ်။

မေလ ၁၅ရက်က စတင်ခဲ့တဲ့ ခရိုင်စစ်ဆင်ရေးမှာ ထနောင်းကုန်းပျူစောထီးရွာကို မြင်းခြံခရိုင်တပ်ရင်း(၃)နဲ့ တောင်သာမြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တပ်ရင်း၃ ရင်းမှူးကပြောပါတယ်။

“အဲဒီရွာက အိမ်တွေ အကုန်လုံးကို ကျွန်တော်တို့စီးနိုင်နေပြီ။ ပျူခေါင်းဆောင် ထူးအောင်အိမ်နဲ့ သူ့အရှေ့ဘက်ကပ်လျက်က အိမ်ပဲကျန်တာ”လို့ တပ်ရင်း၃ ရင်းမှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံခရိုင်စစ်ဆင်ရေးမှာ တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-မြင်းခြံခရိုင်တပ်ရင်း-၃

ထနောင်းကုန်းပျူစောထီးရွာဟာ တောင်သာမြို့နယ်မှာ နာမည်ကြီး ပျူစောထီးရွာဖြစ်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပျူးခေါင်းဆောင်ထူးအောင်က ဦးဆောင်ထားပါတယ်။ အဲဒီရွာမှာ စစ်တပ်နဲ့ပျူစောထီးစုစု ပေါင်းအင်အား ၅၀ခန့်တပ်စွဲထားတယ်လို့ သိရပါတယ်။

မေလ ၁၅ရက်ကနေ ၁၇ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ တော်လှန်ရေးတပ်တွေက မီတာ ၁၀၀အကွာကနေသာ ဝိုင်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ‌ဒီနောက် လေယာဉ်ပစ်ကူယူပြီး မြင်းခြံမြို့သီတာယုမွန်စစ်ကြောင်းကနေ အင်အား၁၀၀ ကျော် လာရောက်စစ်ကူပေးကာ ပျူခေါင်း ဆောင်ထူးအောင်နဲ့အဖွဲ့ကို ခေါ်ယူကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“အခုနောက်ဆုံးကတော့ မြင်းခြံက ပြည်သူ့စစ် ၁၀၀ ကျော်လောက်နဲ့ လာတပ်စွဲထားတယ်လို့သိရတယ်။ ဒီရွာကို ကျွန်တော်တို့ ဖြတ်တောက်ရေး တွေလုပ်ထားတယ်။ တိုက်ပွဲပြီးတဲ့ နောက်ရက်မှာလည်း စစ်တပ်က လေယာဉ်နဲ့ ရိက္ခာထုတ်လာချပေး‌သေးတယ်”လို့ တပ်ရင်း ၃ရင်းမှူးက ပြောပါတယ်။

သုံးရက်တာ တိုက်ပွဲမှာ ထနောင်းကုန်းပျူစောထီးရွာက စစ်သားနဲ့ ပျူစောထီး ၅‌ဦး မျက်မြင် သေဆုံးခဲ့ပြီး လေကြောင်းပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၀ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်